ဘာမီယန် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးများ ပြုပြင်ထိန်းသိမ်းမှု အာဖဂန်အစိုးရ ရပ်ဆိုင်း

ပို့စ်တင်ချိန် - 2/15/2014 08:20:00 PM


ကဘူးလ်၊ ဖေဖော်ဝါရီ-၁၃

တာလီဘန်များ၏ ဖျက်ဆီးမှုခံခဲ့ရသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးများ
အနက် တစ်ဆူ၏ခြေတော်တစ်ဖက်ကို အဖွဲ့အစည်းတစ်ရပ်ရပ်က
တရားမ၀င် ပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးများ တည်ရှိရာနယ်မြေ၌ လုပ်ဆောင်နေသည့်
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား အာဖဂန်အစိုးရက ရပ်ဆိုင်းခဲ့
ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်သတင်းများတွင် ဖော်ပြသည်။

အကယ်၍အဆိုပါ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများအား
တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ပါက
ရုပ်ပွားတော်ကြီးများတည်ရှိရာ ဘာမီယန်တောင်ကြားဒေသမှာ
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းမှပင် ဖယ်ရှားခံရနိုင်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်တောင်ကြားဒေသ၌တည်ရှိသော
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကြီးများကို တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာ၏ အမိန့်အရ တာလီဘန်များက၂၀၀၁ ခုနှစ်အတွင်း
ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

ယင်းနောက်ပိုင်းကာလများတွင် ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ကြီးများအား
ထွင်းထုထားခဲ့ရာ တောင်စောင်းများကို ပြုပြင်ထိန်းသိမ်းရေးအတွက် ဂျာမနီနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ဘာမီယန်
ဗုဒ္ဓရုပ်ပွားတော်ကြီးများ တည်ရှိရာနယ်မြေသို့ ယူနက်စကို
ကိုယ်စားလှယ်အဖွဲ့ လာရောက်စစ်ဆေးစဉ် ရုပ်ပွားတော်ကြီး
တစ်ဆူ၏ ခြေတော်တစ်ဖက်နေရာကို ပြင်ဆင်ထားသည့် လက္ခဏာ
များ တွေ့ရှိခဲ့ရပြီးနောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား
အာဖဂန်အစိုးရက ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဟာဇရက်ပြည်နယ် ဘာမီယန်
တောင်ကြားဒေသ၌ အေဒီ ၅၀၇ ခုနှစ်နှင့် ၅၅၄ ခုနှစ်အကြား
ထုဆစ်ပူဇော်ခဲ့ကြသော ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးများသည်
ဂန္ဓာရခေတ်အနုပညာ၏ ဂန္ထ၀င်မြောက်ပုံစံကို ကိုယ်စားပြုရာ
ယင်းရုပ်ပွားတော်ကြီးများအား တာလီဘန်တို့က ဖျက်ဆီးခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးတုန်လှုပ်ခဲ့ရ

စံတော်ချိန် နေ့စဉ်သတင်းစာ