မော်ရင်ဟိုနှင့် အာစင်ဝင်းဂါးတို့ အပြန်အလှန် ဝေဖန်ခဲ့ကြ

ပို့စ်တင်ချိန် - 2/15/2014 08:20:00 PM


မော်ရင်ဟိုမှာ ရှုံးနိမ့်မည်ကို ကြောက်ရွှံနေသူဖြစ်ကြောင်း အာစင်ဝင်းဂါးက ဝေဖန် ခဲ့ပြီးနောက် မော်ရင်ဟိုကလည်း
(၈)နှစ်ဆက် ဖလားလက်မဲ့ ဖြစ်ခဲ့ဖူးသည့် အာစင်ဝင်းဂါးမှာ ရှုံးနိမ့်မှုများတွင် ဆရာတစ်ဆူဖြစ်ကြောင်း တုန့်ပြန်သွားခဲ့သည်။ ချဲလ်ဆီး နည်းပြအဖြစ် မော်ရင်ဟို ပထမအကြိမ် တာဝန်ယူစဉ်ကတည်းက ၎င်းတို့နှစ်ဦးကြား အပြန်အလှန် စကားစစ်ထိုးမှုများ ပေါ်ပေါက်ခဲ့ပြီး ယခုရာသီတွင် အာဆင်နယ်အသင်း ဖလားလက်မဲ့ဖြစ်ပါက ကစားသမားများ၏ အသက်အရွယ် ငယ်ရွယ်မှုကို အကြောင်းပြ၍ မရတော့ကြောင်းမော်ရင်ဟိုက ဝေဖန်ခဲ့ပြီးနောက် ယခုကဲ့သို့ စကားစစ်ထိုးမှု ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးက “ မော်ရင်ဟိုက ရှုံးမှာကြောက်နေတာပါ။ ပရီးမီးယားလိဂ် ချန်ပီယံလောင်းစာရင်း မ၀င်ဘူးလို့ ပြောနေကြတာက ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်ရင်လဲ ရှုံးနိမ့်တယ်လို့ မပြောနိုင်တော့ဘူးလေ။ ကျွန်တော်တို့ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရည်မှန်းပြီး ယှဉ်ပြိုင်သွားမှာပါ။ ချန်ပီယံမဖြစ်ခဲ့ရင်လည်း အပြည့်အ၀ တာဝန်ယူသွားမှာပါ”ဟု ပြောခဲ့သည်။ အာစင်ဝင်းဂါးက ယခုကဲ့သို့ တုန့်ပြန်ခဲ့ပြီးနောက် မော်ရင်ဟိုက အာစင်ဝင်းဂါးမှာ ၈နှစ်ဆက် ဖလားလက်မဲ့ ဖြတ်သန်းခဲ့ဖူး၍ ရှုံးနိမ့်မှုများတွင် ထူးချွန်သူဟု ဝေဖန်ခဲ့သည်။

“ရှစ်နှစ်ဆက် ဖလားလက်မဲ့ဖြစ်တာက ကျရှုံးမှုဖြစ်ပြီး အဲဒီအပိုင်းမှာ အာစင်ဝင်းဂါးက ထူးချွန်ပါတယ်။ ကျွန်တော်ကတော့ သူ့လိုမဟုတ်လို့ ရှုံးမှာကြောက်ပါတယ်။ ကျွန်တော်သာ ချဲလ်ဆီးမှာ ရှစ်နှစ်ဆက် ဖလားလက်မဲ့ဖြစ်ခဲ့ရင် အသင်းကနေ ထွက်သွားမှာပါ။ ချဲလ်ဆီးမှာ နည်းပြပြန်လုပ်မှာ မဟုတ်ပါဘူး”ဟု မော်ရင်ဟိုက ပြောသည်။

@z (ရိုးရာလေး)