ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား

ပို့စ်တင်ချိန် - 2/15/2014 02:50:00 PM


လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။ ဒါဟာရာ ဟာ မွေး ကင်းစ အရွယ် ကတည်း က လက်ရှိ အချိန် အထိ အစာ မစားဘဲ နွားနို့၊ လက်ဖက်ရည်နဲ့ ရေတို့ ကိုသာ သောက် သုံးပြီး အသက်ရှင်နေခြင်း ဖြစ်ပါတယ်။ ဒါဟာရာဟာ တစ်နေ့ကို နွားနို့ လေးလီ တာ ကနေ ငါးလီတာ အ ထိ သောက် သုံးကာ ဘ၀ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အ ဖတ်ပါတဲ့ အစာမာတွေကို စားသုံးပါက နာမ ကျန်း ဖြစ် တဲ့ ဝေဒနာ ခံစားရ တတ် ပါတယ်။

ဒါဟာရာဟာ ဆေးပညာအဆိုအရ achalasia ရောဂါ ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီရော ဂါ ဟာ အစားအစာ ကို လည်ချောင်းထဲကနေ အစာအိမ် ထဲကို မပို့ ဆောင်ပေးနိုင်ခြင်းဖြစ်ပြီး အကျိုးဆက် က တော့ လည်ချောင်းတွေ နာကျင်တဲ့ ဝေဒနာခံစား ရတတ်ပါတယ်။ ဒီ ရောဂါ ခံစား နေ ရသူ ဟာ ဗြိတိန် တစ်ခု တည်း မှာ တောင် (၆၀၀၀)နီးပါး အထိ ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ ခွဲစိတ် ကုသမှု ခံယူလို့ရှိရင် ပျောက်ကင်း တယ် လို့ သိ ရပါတယ်။ ဒါဟာရာ မိသားစုဟာ ဆင်းရဲတာ မို့ ရောဂါ ဝေဒနာကို ပျောက်ကင်း အောင် ကုသ နိုင် ခြင်း မရှိပါဘူး။ ဒါဟာရာ မိဘ တွေဟာ ဆေးဖိုး မတတ် နိုင်လို့ နွားတစ်ကောင်ဝယ်ယူ ပြီး နွားနို့ရဖို့ကိုပဲ ဆောင် ရွက် ပေးနိုင်ပါတယ်။ ဒါဟာရာဟာ မွေးချင်း (၇)ဦးမှာ (၁) ဦး ဖြစ်ပြီး အသက် (၂)နှစ်အရွယ်က စတင်ပြီး ရောဂါ ဝေဒနာကို ခံစားခဲ့ရတာလို့ မိခင်ဖြစ်သူ က ဖွင့်ဟခဲ့ပါတယ်။ လည်ချောင်း အတွင်း မှာ ရှိတဲ့ ကြွက်သားတွေဟာ အ စားအစာကို ၀ါး မျိုးချနိုင်ခြင်းမရှိတာမို့ ဒါဟာရာအနေနဲ့ ဒီလို ခံစားနေရတာဖြစ်ပေမယ့် လက်ရှိအချိန်အ ထိ တော့ ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Forward