ယာဉ်ကြီးနှစ်စီး ခေါင်းချင်းဆိုင်တိုက်

ပို့စ်တင်ချိန် - 2/15/2014 10:19:00 AM


တပ်ကုန်း ဖေဖော်ဝါရီ ၁၃

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကြို့ပင်သာ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်က ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၂၈၀/၀)နှင့်(၂၈၀/ ၁)ကြား (ကြို့ပင်သာ ပူးပေါင်း စစ်ဆေးရေး ဂိတ်)တွင် ရမည်းသင်းဘက်မှ တပ်ကုန်း ဘက်သို့ ယာဉ်မောင်းစိုးမင်း ထွန်း(၃၃နှစ်) မောင်းနှင်လာသော ဆီဘောက် ဆာတွဲကားသည် စစ်ဆေးရေးဂိတ်လမ်းလယ် အုတ်ခုံကို ဝင်ရောက် တိုက်မိပြီးတပ်ကုန်းဘက်မှ ရမည်းသင်းဘက်သို့ ယာဉ်မောင်း ဦးစိန်သောင်း(၄၃နှစ်)မောင်းနှင်သော (ဖရဲသီးများ တင်ဆောင် လာသော)ဖရူဆို ၁၂ ဘီးကား၏ယာဉ်ကြောအတွင်းသို့ ဝင်ရောက် တိုက် မိခြင်းဖြစ်သည်။

MOI Webportal Myanmar