အမြင်အာရုံချို့တဲ့သူများအတွက် Accessories များ Samsung ထုတ်

ပို့စ်တင်ချိန် - 3/18/2014 06:44:00 AM


Samsung မှ Galaxy Core Advance မိုဘိုင်းဖုန်းများအတွက် Accessory သုံးခုကိုမိတ်ဆက်လိုက်ပါတယ်။ အဲဒါတွေကတော့
-Ultrasonic Cover
-Optical Sacn Stand
-Voice Label တို့ပဲဖြစ်ပါတယ်။
အဆိုပါ Accessories များဟာ အမြင်အာရုံချို့တဲ့သူများနဲ့ မသန်မစွမ်းသူများအတွက် အထူးပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Ultrasonic Cover ကတော့ သုံးစွဲသူများအနေမြင့် အတားအဆီးများကို ထောက်လှန်းသိရှိနိုင်ကာ မရင်းနှီးသောနေရာများကို ကိုသွားတဲ့အခါ တုန်ခါမှု သို့မဟုတ် စကားပြောအသိပေးချက် TTS feedback များဖြင့် သိရှိနိုင်စေမှာဖြစ်ပါတယ်။ သုံးစွဲသူရဲ့ Cover ကို ကိုင်ထားတဲ့အခါ သူ့ပတ်ပတ်လည် ၂မီတာမှာရှိနေတဲ့ လူပုဂ္ဂိုလ်၊အရာဝတ္ထုများကို သိရှိအာရုံခံနိုင်စေမှာဖြစ်ပါတယ်။
Optical Scan Stand ကတော့ device ကို စာအုပ်များ ၊ ပုံနှိပ်ထားတဲ့ပစ္စည်းများကို focus ထားကာ နေရာချထားလိုက်ရင် Optical Scan apps က အလိုအလျောက် activate လုပ်ကာ ပုံမှာမြင်ရတဲ့စာသားများကိုသိရှိပြီး ဖတ်ပြမှာပဲဖြစ်ပါတယ်။ Optical Scan Stand ကသုံးစွဲသူအနေဖြင့် တစ်ဦးတည်းရှိနေတဲ့အခါ များစွာအသုံးတည့်မှာဖြစ်ပါတယ်(အခြားသူများဖတ်ပြစရာမလို)။ Stand မှာဖုန်းတင်လိုက်တဲ့အခါ စာရွက်ကိုအာရုံခံမိတာနဲ့ apps က အလိုအလျောက် စတင်မှာဖြစ်ပြီး စာသားများကိုဖတ်ပြမှာဖြစ်ပါတယ်။
Voice Label ကတော့ အရာဝတ္ထုများကို မှတ်စုများ၊ tag voice labels များဖြင့်မှတ်သားထားကာ ခွဲခြားနိုင်စေမှာဖြစ်ပါတယ်။ NFC ချိတ်ဆက်မှုနည်းပညာနဲ့ စမတ်ဖုန်းကို NFC-enabled device များနဲ့ ချိတ်ဆက်ပြီး အဆိုပါ device များကဘာ device များဖြစ်တယ်ဆိုတာနဲ့ ဘယ်လိုမျိုးအသုံးပြုရတယ်ဆိုတာကို recording လုပ်ထားနိုင်မှာဖြစ်ပါတယ်။
Galaxy Core Advance မှာအခြားသော Galaxy series များကဲ့သို့ S Voice ,STranslator ,Sound & Shot,Group Play နှင့် Easy Mode များလည်းပါတယ်။ယခုအခါမှာတော့ မသန်စွမ်းသူများနဲ့ အမြင်အာရုံချို့တဲ့သူများအတွက်ပါ အသုံးတည့်မည့် Light Sensing App, Instant Voice Camera, Voice Guide Camera တို့ကိုလည်းထပ်မံပေါင်းထည့်ကာ ယခု နောက်ဆုံး Accessories များလည်းထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ Accessories များကတော့သီးခြားဝယ်ယူရမှာဖြစ်ပြီး နောက်ထပ် Galaxy devices များအတွက်လည်းထပ်မံထွက်ရှိလာမည်ဖြစ်သည်။
====================
Nyein Chan(TSJ Tech Team)
====================