ချစ်ခဲ့ဖူးသမျှ အခွေဖြင့် ရေပန်းစားနေတဲ့ တေးသံရှင် ပိုပိုနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 3/18/2014 07:09:00 AM


ကျော်လင်းနိုင် (ရိုးရာလေး)
ယခုလတ်တလော လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ တေးသံရှင် ပိုပိုနှင့် တွေ့ဆုံခဲ့ပါတယ်။
လူငယ်ရင်ထဲကို ထိစေတဲ့ စာသားလေးတွေကို သီဆိုခဲ့တဲ့ ပိုပိုကို ခုလိုမေးမြန်းခဲ့ပါတယ်။
မေး ။ ။ အနုပညာလောကထဲကို ဘယ်အချိန်မှာ စပြီးဝင်ရောက်ခဲ့တာပါလဲ
ဖြေ ။ ။ ပိုပိုက အနုပညာလောကထဲက အသက် ၁၇ နှစ်လောက်က ရောက်လာခဲ့တာပါ။
မေး ။ ။ ပထမဆုံး သီချင်းဆိုခဲ့တာက ဘယ်နေရာမှာလဲ
ဖြေ ။ ။ အဲဒါကတော့ နယ်ဘက်မှာပါ။ မကွေးမြို့ဘက်က နယ်ပွဲလေးတစ်ခုမှာ စတင်ပြီး ဖျော်ဖြေခဲ့ပါတယ်။
မေး ။ ။ ဆိုခဲ့တဲ့ သီချင်းကရော
ဖြေ ။ ။ အဲဒီမှာ သီဆိုဖျော်ဖြေခဲ့တဲ့ သီချင်းကတော့ ခုထွက်တာတဲ့ အခွေထဲမှာ မပါပါဘူး။ အဲမှာဆိုခဲ့တာတွေက အသစ်လေးတွေပါ။
မေး ။ ။ ဘာမှမလိုဘူး သီချင်းကို ရေးဖြစ်ခဲ့တဲ့ အကြောင်းလေးကရော
ဖြေ ။ ။ အမှန်တော့ အဲသီချင်းလေးက လမ်းဘေးမှ ရေးခဲ့တာပါ။ အဲသီချင်းကို အစကတော့ အဆိုတော် တစ်ယောက်က သူ့အခွေထဲမှာ
ထည့်သုံးဖို့ ကမ်းလှမ်းခဲ့တယ်။ နောက်ပိုင်းတော့ အဲသီချင်းကို မထည့်ဖြစ်လိုက်ဘူး။
မေး ။ ။ ဒုတိယအခွေကို ဘယ်တော့ စထွက်ဖြစ်မလဲ။
ဖြေ ။ ။ ဒုတိယခွေ ကတော့ ခုနှစ်လပိုင်း ထွက်ဖြစ်မှာပါ။ ခေါင်းစဉ်ကတော့ မပေးရသေးပါဘူး။ ပထမ ထွက်ထားတဲ့
ခွေထက်ပိုပြီး ကောင်းအောင် လုပ်ဖို့ ရှိပါတယ်။
မေး။ ။ အနုပညာနဲ့ ပတ်သက်ပြီး အဆိုတော် တစ်ခုပဲ စိတ်ဝင်စားတာလား
ဖြေ ။ ။ အနုပညာနဲ့ ပက်သက်ရင်တော့ သီချင်းရေးတာ ၊ သီချင်းဆိုတာ ၊ ဓာတ်ပုံရိုက်တာတွေကို စိတ်ဝင်စားပါတယ်။
မေး ။ ။ သရုပ်ဆောင် လုပ်ဖို့ အစီအစဉ်ရှိလား
ဖြေ ။ ။ သရုပ်ဆောင် အလုပ်ကတော့ အခုတော့ မသိသေးပါဘူး။ အဲဒါကတော့ နောက်ပိုင်းအခြေ အနေပေါ်မှု တည်ပြီး လုပ်ဖြစ်မယ် ထင်ပါတယ်။
မေး ။ ။ အဝတ်အစား ဝတ်ရင် ဘယ်လိုလေးတွေ ကြိုက်လဲ
ဖြေ ။ ။ အဝတ်အစား ဝတ်ရင်တော့ လွတ်လွတ်လပ်လပ်လေး နေလို့ရတဲ့ အဝတ်အစားတွေကို ကြိုက်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ပရိသတ်တွေ
ကြည့်လို့ အဆင်ပြေမယ့် အဝတ်အစားလေးတွေကို ရွေးဝတ်ဖြစ် ပါတယ်။
မေး ။ ။ ပရိသတ်တွေ အတွက် စကားလက်ဆောင်လေး ပြောပေးပါလား
ဖြေ ။ ။ ပရိသတ်တွေ ခုလိုအားပေးလို့သာ ပိုပိုဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့် ပရိတ်သတ်တွေကို အားပေးကြပါအုံးလို့ ပြောချင်တယ်။
နောက်ထပ်ထွက်မယ့် အခွေကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်ထားပါတယ်။ ပိုပိုကို မိသားစု တစ်ယောက်လို့ ချစ်ပေးကြပါလို့ ပြောချင်ပါတယ်။
ချစ်တဲ့ ပရိတ်သတ်တွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။
ရိုးရာလေး အင်တာဗျူးကဏ္ဍ