အငှားယာဉ်မောင်းထံမှ ငွေနှင့်ဖုန်းဟန်းဆက်လုယက်ခဲ့ကြသည့်အမှုမှ ပြစ်မှုကျူးလွန်သူ(၁)ဦးကို ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 3/18/2014 11:18:00 PM


ရန်ကုန်၊ မတ် ၁၈

၁၃.၃.၂၀၁၄ ရက်နေ့၂၁၀၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်
နေ အငှားယာဉ်မောင်း ဦးနိုင်ဦးသည် ၎င်း၏အငှားယာဉ်ဖြင့် သာကေတ
မြို့နယ်၊ ရှုခင်းသာလမ်းအတိုင်းမောင်းနှင်လာစဉ်(၅)ကွေ့မှတ်တိုင်အနီး
အရောက် အမျိုးသား(၂)ဦးမှနောက်ဘက်(၂)မှတ်တိုင်ခန့်သို့ငှားသဖြင့် တင်ဆောင်ကာယာဉ်အား ပြန်ကွေ့ပြီးမောင်းနှင်လာခဲ့ရာ ၁၀/တောင် (၁၃)ရပ်ကွက်အရောက်တွင် အဆိုပါအမျိုးသားများမှ ခရေပင်လမ်းထဲသို့
ကွေ့ဝင်ကာရပ်တန့်ခိုင်းပြီး ဦးနိုင်ဦး၏မျက်နှာကို ပုဆိုးဖြင့်အုပ်ကာ
ငွေတောင်းသဖြင့် ငွေကျပ်(၂၆၀၀၀)ကိုပေးလိုက်ရကြောင်း၊ ကားပေါ်မှ
ဆင်းပြေးခဲ့သော်လည်း ၎င်းအမျိုးသားများမှလိုက်လာပြီး လက်သီးဖြင့်
ထိုးခဲ့ကြကြောင်း၊ ဦးနိုင်ဦး၏ဖုန်းကိုလည်းတောင်းသဖြင့် SIMကဒ်ဖြုတ်ကာ ဖုန်းဟန်းဆက် အားပေးလိုက်ရကြောင်း၊ ၎င်းအမျိုးသားများထိုးကြိတ်ခဲ့
သဖြင့် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ၀ဲနှုတ်ခမ်းနာ ကျင်၊ဦးခေါင်းနာကျင်
ဒဏ်ရာများရရှိခဲ့ကြောင်းကိုဦးနိုင်ဦးမှတိုင်တန်းခဲ့၍ သာကေတနယ်မြေ ရဲစခန်း (ပ)၁၅၈/ ၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ပါသည်။

ယင်းကဲ့သို့ အခင်းဖြစ်ပွားသည်ကို သတင်းရရှိသည်နှင့်တပြိုင်နက် သာကေတနယ်မြေရဲစခန်းမှ လှည့်ကင်းရဲတပ်ဖွဲ့ဝင်များသည်
ပြစ်မှုကျူးလွန်သူများထွက်ခွာရာလမ်းကြောင်းသို့ လိုက်ပါစုံစမ်းဖော်ထုတ်
ဖမ်းဆီးခဲ့ရာ ၁၄.၃.၂၀၁၄ရက်နေ့၀၃၅၀အချိန်တွင် ပြစ်မှုကျူးလွန်သူ
ကျော်သူဟိန်း(၁၈)နှစ်၊ (ဘ)ဦးသန်းဝင်း၊ (၆)ရပ်ကွက်၊ သာကေတမြို့နယ်
နေသူကို သာကေတမြို့နယ် ၁၀/တောင်၊၁၄/ရပ်ကွက်အတွင်း၌ ဖမ်းဆီး
ရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးချက်များအရ အဆိုပါပြစ်မှုကို နိုင်ကြီး(ခ)ရဲလင်းထွန်း (စိစစ်ဆဲ)နှင့်အတူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး လုယူရရှိ သည့် ငွေများနှင့် ဖုန်းဟန်းဆက်တို့ကို နိုင်ကြီး(ခ)ရဲလင်းထွန်းမှ
ယူဆောင်သွားကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police