ဒုတိယကမ္ဘာ စစ်ပြီး ကာလ ကမ္ဘာကျော် အနမ်းဓာတ်ပုံထဲက ရေတပ်သား ကွယ်လွန်

ပို့စ်တင်ချိန် - 3/18/2014 08:38:00 AM




ဒုတိယကမ္ဘာ စစ်ကာလ ဂျပန် လက်နက် ချပြီး စစ်ကြီး ပြီး ဆုံးပြီ ဖြစ်ကြောင်း အမေရိကန် ၌ ကြေ ညာ ခဲ့စဉ်က ပျော်ရွှင် မှု ကြောင့် အမေရိကန် ရေတပ် သင်္ဘောသား လူ ငယ် သည် လမ်းမှာ တွေ့သော သူ နာပြု ဆရာမ လေး တစ်ဦး ကို ပွေ့ပြီး ဖက်နမ်း လိုက်ပုံ ကို ဓာတ်ပုံ ဆရာ က အမိအရ ရိုက်ကူး နိုင် ခဲ့ရာ ထိုပုံ သည် ဒုတိယကမ္ဘာ စစ်ကြီး ပြီးသွားမှုကြောင့် ကမ္ဘာ တစ်ဝန်း ပျော်ရွှင် နေကြပုံ ကို ကောင်းစွာ ကိုယ်စားပြုနိုင် သော ပုံအဖြစ် ကမ္ဘာ ကျော်ခဲ့ သည်။ ဓာတ်ပုံထဲ က ရေ တပ်သား ဖြစ်သူ ဂလန် မက်ဒါဖီသည် ဒါးလက်စ်မြို့ သက်ကြီး စောင့် ရှောက်ရေးဂေဟာ၌ တနင်္ဂနွေနေ့က အသက် ၈၆ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရ သည်။ ဂျပန်လက်နက်ချပြီဖြစ်ကြောင်း နယူးယောက်မြို့သို့ သတင်းရောက်လာသည့် ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ဓာတ်ပုံ ဆရာ အဲဖရက် အိုင်ဆန်စတဲက တိုင်းစကွဲတွင် လျှပ်တပြက် ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ မြေအောက်ရထားပြောင်းစီးဖို့ လုပ်နေစဉ် ဂျပန် လက်နက်ချသည့်သတင်း ကြား လိုက်ရသဖြင့် ပြောမပြ တတ် အောင်ပျော် ရွှင်သွားကြောင်း မက်ဒါဖီက ပြောပြသည်။ မက်ဒါဖီသည် ထိုစဉ်က အသက် (၁၈)နှစ်အ ရွယ်ဖြစ်သည်။

သတင်းကြားတော့ ကျွန်တော် အ ရမ်းပျော်သွားပြီး ရထားဆက်မစီးဘဲ လမ်း ပေါ် ပြေးထွက် တာ တယ်။ အဲဒီမှာ ရပ်နေတဲ့ သူနာပြု ဆရာမလေးကို တွေ့တာပဲ၊ ကျွန်တော် လည်း ဘယ်လို က ဘယ်လိုဖြစ် သွား တယ် ရယ် မသိဘူး။ ပျော်လွန်းလို့ ဆရာမလေး ကို ပြေး ပွေ့ပြီး ဖက်နမ်း လိုက်မိတယ်”” ဟု မက်ဒါဇီ က ပြန်ပြောင်းပြောပြခဲ့ဖူးသည်။ ထို မြင်ကွင်း ကို ဓာတ်ပုံ ဆရာ အဲဖရက် အိုင်ဆန် စတဲက လျှပ်တပြက် မှတ် တမ်းတင်လိုက်နိုင်ခြင်း ဖြစ် သည်။ဓာတ်ပုံထဲတွင်ပါသော သူနာပြုဆရာမ သည် အဲဒစ် ရှိန်းဆိုသူဖြစ်ပြီး ၂၀၁၀ ခုနှစ် တွင် ကွယ်လွန်ခဲ့သည်။

Source: BBC

Messenger News Journal