ကလေးမြို့နယ်တွင် လူပျောက်မှုဖြင့် တိုင်ကြားခံရသည့် ကလေးငယ်နှစ်ဦး သေဆုံးလျက် ပြန်လည်တွေ့ရှိ

ပို့စ်တင်ချိန် - 3/18/2014 06:28:00 AM


သတင်း၊ ကိုတိုးကြီး
ကလေး၊ မတ် ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်အူကျေးရွာမှ ကလေးငယ်နှစ်ဦး ပျောက်ဆုံးလျက်ရှိရာ ယခုလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ပျောက်ဆုံးကလေးနှစ်ဦးမှာ သေဆုံးနေလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း တောင်အူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ညွှန့်မှ ကလေးမြို့မရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်များအရ ခေတ္တရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းထွန်းနှင့်အဖွဲ့က ကလေးနှစ် ဦး၏ သေဆုံးနေသည့်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ကလေးမြို့နယ်၊ တောင်အူကျေးရွာနေ မောင်နိုင်လင်း ထွန်း အသက်(၁၁)နှစ် ဆိုသူနှင့် မောင်ဟိန်းထက်ပိုင် အသက်(၁၃)နှစ် တတိယတန်း ဆိုသူနှစ်ဦးတို့မှာ ကျေးရွာ ၏အရှေ့ဘက်ရှိ မြစ်သာမြစ်ကမ်းပါး သဲလိုဏ်ခေါင်းအတွင်း၌ သဲများဖုံးအုပ်လျက် နှစ်ဦးစလုံးသေဆုံးနေခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ သေဆုံးနေသည့် ကလေးငယ်နှစ်ဦးမှာ ယခုလ ၁၃ ရက်နေ့က နေအိမ်မှပျောက်ဆုံးနေသည့်အတွက် ထိုသူတို့၏ အုပ်ထိန်းသူများက ရဲစခန်းသို့ အကြောင်းကြားတိုင်တန်းထားခဲ့သည်။ ၎င်း လူပျောက်တိုင်တန်းချက်များကို ရဲစခန်းက လူပျောက်အမှတ်စဉ် ၅/ ၂၀၁၄ နှင့် ၆/ ၂၀၁၄ အရအမှုရေးဖွင့် လက်ခံထားကြောင်း သိရသည်။
သေဆုံးလျက်ပြန်လည်တွေ့ရှိရသည့် ကလေးငယ်နှစ်ဦးအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင် ရွက်နိုင်ရန် ကလေးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/ ၂၀၁၄ အရအမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း