အိန်္ဒိယ ဆေးကျောင်းသူ ကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့် မှုဖြင့် သေဒဏ် ကျခံထား ရသူ လေးဦး အား ပြစ်ဒဏ် ဆိုင်းငံ့ ထား

ပို့စ်တင်ချိန် - 3/18/2014 08:39:00 AM


အိန်္ဒိယ နိုင်ငံ၊ ဒေလီ မြို့တွင် ဆေး ကျောင်းသူ တစ်ဦး အား ဘတ်စ်ကား ပေါ် တွင် အုပ်စုဖွဲ့ အဓမ္မ ပြု ကျင့်ကာ အသက် သေဆုံးသည် အထိ ဖြစ်ပွား ခဲ့သော အမှုဖြင့် သေဒဏ် ချမှတ် ခံထား ရသူ လေးဦး အနက် နှစ်ဦး ကို သေဒဏ် ဆိုင်းငံ့ ထား လိုက်ကြောင်း သိ ရသည်။ လေးဦး အနက် နှစ်ဦး ဖြစ်သော မူကက်ရှ် ဆင်း နှင့် ပါဝမ် ဂုပ္ပတာ တို့ နှစ်ဦး သည် အိန်္ဒိယ ဗဟို တရားရုံးချုပ် သို့ အယူခံ ၀င်မည် ဖြစ်သော ကြောင့် ၎င်းတို့အား သေဒဏ် ပေးရန် ရွှေ့ဆိုင်း ထားကြောင်း သိရသည်။ ကျန် နှစ်ဦး ၏ ရှေ့နေ များလည်း အလား တူ အယူခံ ၀င် ကြ ရန် ရှိကြောင်း သိရသည်။ ၎င်း တို့ လေးဦး အား ချမှတ် ထားသော သေဒဏ် ကို ဆိုင်းငံ့ ထားရန် အထက် တရား ရုံး က ပြီးခဲ့ သည့် စက်တင်ဘာ တွင် ဆုံးဖြတ် ခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ က ဖြစ်ပွား ခဲ့သော အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှု သည် အိန်္ဒိယ နိုင်ငံ တစ်ဝန်း ကန့်ကွက် ရှုတ်ချ ဆန္ဒပြ ပွဲများ ဖြစ်ပွား စေခဲ့ကာ ကမ္ဘာ တစ်ဝန်း အမျိုးသမီး များအား တိုးမြှင့် အကာ အကွယ် ပေးရေး လှုပ် ရှားမှုကြီး အဖြစ် ရောက်ရှိ ခဲ့သည်။ အိန်္ဒိယ နိုင်ငံ တွင်လည်း အဓမ္မ ပြုကျင့် သူများကို ပြင်းထန် သော ဥပဒေ များ ချမှတ် နိုင်ရန် ဥပဒေ ပြင်ဆင် မှုများ ပေါ် ပေါက် ခဲ့သည်။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ သည် ယောက်ျားလေး သူငယ်ချင်း ဖြစ်သူနှင့် အတူ ရုပ်ရှင် ကြည့်ပြီး နောက် အိပ်ပြန် ရန် ဘတ်စ် ကားစီး အလာ တွင် ကားပေါ် ၌ အမျိုးသား တစ်စု က အုပ်စုဖွဲ့ အဓမ္မ ပြုကျင့် ခဲ့ခြင်း ဖြစ်သည်။ ယောက်ျားလေး ဖြစ်သူ ကို လည်း ထိုလူစု က ၀ိုင်းဝန်း ရိုက်နှက် ခဲ့ကြ သည်။ အဓမ္မ ပြုကျင့် ပြီးနောက် ကားပေါ် မှ ပစ်ချ ခံရကာ ရရှိ သည့် ဒဏ်ရာ များ ကြောင့် မိန်းကလေး သည် ၁၃ ရက် အကြာ ၌ ကွယ်လွန် ခဲ့သည်။

Messenger News Journal