မလေးရှားလေယာဉ်ပျောက်ကိစ္စ မြန်မာပြည်က ထူးဆန်းတဲ့ သတင်းတခု

ပို့စ်တင်ချိန် - 3/18/2014 06:22:00 PM


မလေးရှားလေယာဉ်ပျောက်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ရုံးက ရုံးအဖွဲ့မှူး ကိုဇော်မင်းဆီကို တယ်လီဖုန်း သတင်းတခု ထူးထူးဆန်းဆန်း ဝင်လာတယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။



စိတ်ဝင်စားစရာ ကောင်းတာမို့ မူရင်းအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်းဝင်လာတာတော့နည်းနည်းဆန်းတယ်
အခုတစ်ကမ္ဘာလုံးကအသည်းအသန်ရှာနေတဲ့
မလေးရှားလေယာဉ် ပင်လယ်ထဲထိုးကျသွားသည်ကို
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန်တလီမြို့နယ်ခွဲ ထဲက
နံ့သာကျွန်း (ကျွန်းနံ့သာ)မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ချို့က
အဲ့ဒီနေ့တုန်းက လေယာဉ်တစ်စီးပင်လယ်ထဲထိုးကျသွားတာ
မြင်လိုက်ရကြောင်း ကျွန်နော့်ဆီကို ဖုန်းဝင်လာတယ်..
Confirm ဖြစ်မဖြစ် ဟုတ်မဟုတ်ဆိုတာထက် အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့
သတင်းတစ်ခုဖြစ်လို့ ရှာနေသူတွေအတွက် အသုံးဝင်လိုဝင်ငြား
သတင်းတစ်ခုအဖြစ် တင်ပြလိုက်ပါတယ်....ခက်တာက တစ်ဆင့်ဖုန်းဖြစ်နေတော့
တိုက်ရိုက် Contact ရဖို့ ကျနော်ကြိုးစားကြည့်တာ မရဘူးဖြစ်နေတယ်...




အိမ့်သံစဉ် ~
irrawaddy