နိုင်ငံခြားသားခရီးသွားတစ်ဦး၏အခက်အခဲအား လူမှုရေးအသိစိတ်ပြည့်ဝသူ အငှားယာဉ်မောင်းတစ်ဦးနှင့်ရဲတပ်ဖွဲ့တို့မှ ကူညီစောင့်ရှောက်

ပို့စ်တင်ချိန် - 3/18/2014 06:43:00 AM


ရန်ကုန်၊ မတ် ၁၇
၁၇.၃.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် တရုတ်နိုင်ငံသူ
Ms. Xu Wenpei သည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ ၎င်းတည်းခို
နေထိုင်ရန် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ ချမ်းမြေ့ ဟိုတယ်သို့ အငှားယာဉ် BB---- ဗင်အဖြူရောင်ယာဉ်ကိုငှားရမ်းစီးနင်းခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ တိရစ္ဆာန်ရုံအနီးသို့ အရောက် ၎င်းမှ ယာဉ်စီးခအဖြစ် ငွေကျပ်(၆၀၀၀)ကို ယာဉ်မောင်းထံသို့
ပေးအပ်ခဲ့ရာ ယာဉ်မောင်းမှ ငွေကျပ်(၁၆၀၀၀) ပေးရမည်ဟုပြောဆိုကာ ယာဉ်ကိုရပ်တန့်ပြီး နှစ်ဦးစကားများနေခိုက် တ/ဥက္ကလာပမြို့နယ်နေ 9A-2315 အငှားယာဉ်မောင်းဖြစ်သူ ဦးကျော်နိုင်မှတွေ့ရှိခဲ့သဖြင့် ၀င်ရောက်ဖျန်ဖြေပေးခဲ့ပြီး ၎င်း၏ယာဉ်ဖြင့် တရုတ်နိုင်ငံသူအား
ခေါ်ဆောင်ကာ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့စုမှူးရုံး(ရန်ကုန်)သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့စုမှ တရုတ်နိုင်ငံသူအားမေးမြန်းရာ BB---- အငှားယာဉ်မောင်းမှ ၎င်းအား တွန်းထိုးမှုများပြုလုပ်ခဲ့သော်လည်း အရေးယူပေးစေလိုခြင်းမရှိကြောင်းနှင့် ချမ်းမြေ့ဟိုတယ်သို့သာ သွားလိုကြောင်းကို ပြောပြသိရှိရသဖြင့် ဦးကျော်နိုင်၏အငှားယာဉ်ဖြင့်ပင် ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့စု
(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များလိုက်ပါလျက် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ဖြစ်စဉ်မှ နိုင်ငံခြားသားခရီးသွားတစ်ဦးအား ယခုကဲ့သို့ လူမှုရေး
အသိစိတ်ဖြင့် ကူညီပေးခဲ့သူ ဦးကျော်နိုင်အား ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)တို့မှ
လေးစားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Yangon Police