လျှပ်စစ်မီတာခ တိုးမြင့် ကောက်ခံရေး နိုင်ငံတော် သမ္မတ က သဝဏ်လွှာပေးပို

ပို့စ်တင်ချိန် - 3/18/2014 06:43:00 AM


နေပြည်တော်၊မတ် ၁၇
အိမ်သုံးလျှပ်စစ် မီတာခများကို ယူနစ် ၁၀၀ ထိ သုံးစွဲ လျှင် လက်ရှိကောက်ခံ နေသော တစ်ယူနစ်၃၅ကျပ် နှုန်း ဖြင့်သာ ဆက်လက် ကောက် ခံမည်ဖြစ်သော်လည်း ယူနစ် ၁၀၀ကျော် လျင်တိုးမြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က
မတ်လ ၁၇ ရက်နေ့ကကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာပေးပို့ခဲ့သည်။
လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရန် နိုင်ငံတော်သမ္မတ၏ အကြောင်း ကြား တင်ပြချက်ကို လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ထောက်ခံ
ဆွေးနွေးခဲ့ပြီး ၂ ဦးက ပြန်လည် စဉ်းစား သုံးသပ်သင့်ကြောင်း
ဆွေးနွေးခဲ့ရာ မတ်လ၁၉ရက်နေ့ တွင်ပြုလုပ်မည့် ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးတွင် မဲခွဲအတည်ပြုမည်ဟု ပြည်ထောင်စု
လွှတ်တော် နာယကသူရဦးရွှေမန်းက ပြောကြားသည်။
သတင်းအပြည်အစုံကို မနက်ဖြန် မတ်လ ၁၈ရက်နေ့ထုတ် The VOICE သတင်းစာတွင် ဖော်ပြပါမည်။

The Voice Weekly