တိုက်ပွဲများ ကြောင့် တပ်မတော် နှင့် KIA မည်သည့် ဘက်တွင် ဆုံးရှုံး သည် ဖြစ်စေ တိုင်းပြည် ဆုံးရှုံးမှု ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြော

ပို့စ်တင်ချိန် - 3/18/2014 08:39:00 AM




တပ်မတော် နှင့် KIA အကြား နှစ်နှစ် ကျော်ကြာ ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ များ အတွင်း မည်သည့် ဘက်မှ ထိခိုက် ဆုံးရှုံး ခဲ့သည် ဖြစ်စေ ထိုဆုံးရှုံး မှုသည် မြန်မာ နိုင်ငံ တော် ၏ ဆုံးရှုံး မှုပင် ဖြစ်ကြောင်း မတ်လ (၁၆) ရက် နေ့ နံနက် က ချင်း ပြည်နယ် မြစ်ကြီးနား မြို့ တွင် ပြုလုပ် သည့် တိုင်းရင်းသား ပြည်သူ များနှင့် တွေ့ဆုံ ပွဲ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြား ခဲ့ကြောင်း သမ္မတ ရုံးမှ ပြောရေး ဆိုခွင့် ရှိ သူ ဦးရဲထွဋ်၏ လူမှု ကွန်ရက် တွင် ဖော်ပြ ထားသည်။
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားခဲ့မှုတွင် တစ်ဖက် နှင့် တစ်ဖက် အပြစ်တင် ရှုတ်ချနေ မည့်အစား ၀မ်းနည်း ဖွယ်ရာဖြစ်ရပ်များကို သင်ခန်းစာယူ၍ မည်ကဲ့သို့ဖြေရှင်း၍ ရနိုင် မည်ဟူသော နည်းလမ်းများကိုသာ အဓိက ရှာ ဖွေ သင့်ကြောင်း သမ္မတ က ပြောကြား ခဲ့ဟု အဆိုပါ စာမျက်နှာ တွင် ဖော်ပြထားသည်။ မြန်မာ့ငြိမ်းချမ်းရေး ဖော် ဆောင်ရာတွင် အ ပစ်အခတ် ရပ်စဲထားရုံနှင့် ပြီးဆုံးသည် မဟုတ်ဘဲ နိုင်ငံရေးဆွေနွေးပွဲများပြုလုပ်ကာ နိုင်ငံရေး နည်းလမ်း ဖြင့် အဖြေရှာရန် အတွက် ကချင်ပြည်သူလူထုနှင့်အတူ ၎င်း အနေဖြင့် လိုလားကြောင်း၊ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်တွင် နိုင်ငံတော် အစိုးရ နှင့်အတူ အကောင် အ ထည် ဖော်ရန် ကြိုးပမ်းလျှက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်ဟု ဆိုသည်။

တပ်မတော်အစိုးရနှင့် KIA အကြား ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ကချင်ပြည်နယ်အတွင်း ပြည်သူ (၁၄၀၀၀၀) ကျော် စစ်ဘေးရှောင် ဒုက္ခသည် စခန်း များ သို့ ရောက်ရှိ ခဲ့ကြ ရ သည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် သမ္မတရုံး၏ အသုံးစရိတ် တောင်းခံမှုတွင် ပြည် တွင်းငြိမ်းချမ်း ရေး အကောင်အထည် ဖော် ဆောင်မှုလုပ်ငန်းများအတွက်ကျပ်သန်းပေါင်း (၁၁၀၀၀)ကျော်ကို ထည့်သွင်း ထား ကြောင်း ပြည်သူ့ လွှတ်တော် ပြုပြင် ပြောင်းလဲရေး နှင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်း က ဖေဖော်ဝါရီလ တတိယပတ် အတွင်း The Messenger သတင်းစာသို့ ပြောကြားထား သည်။
ဓာတ်ပုံ-AFP
Messenger News Journal