မီတာခ နှုန်းထားသစ် အမတ်အများစု ထောက်ခံ

ပို့စ်တင်ချိန် - 3/18/2014 07:17:00 PM


သမ္မတ ဦးသိန်းစိန်အစိုးရဟာ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အရင် မီတာခ တိုးနှုန်း တွေအစား ထပ်ပြီးလျော့ချထားတဲ့ မီတာခနှုန်းထားအသစ်တွေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ရာမှာ အမတ်အများစုက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

အခု အသစ်တင်ပြလိုက်တဲ့ မီတာခနှုန်းထားတွေကတော့ အိမ်သုံးယူနစ် ၁၀၀ အထိ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀၊ ယူနစ် ၂၀၀ အထက် ကျပ် ၅၀ နှုန်း၊ စက်မှုနဲ့ စီးပွားရေးလုပ်ငန်းသုံး ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ် ၅ ထောင်အထိ ၁၀၀ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်းအထိ ၁၅၀ ကျပ်နဲ့ ယူနစ် ၂ သိန်းအထက် ၁၂၅ ကျပ်အဖြစ် ပြန်လည် လျော့ချ သတ်မှတ်ထားပါတယ်။

ခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ နှစ် ကျပ်ငွေ ၁၂ ဘီလီယံလောက် အရှုံးပေါ်နေဦးမယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်အမတ်တွေကို ပြောပါတယ်။

ဒီ နှုန်းထားအသစ်တွေကို လာမယ့် မတ် ၁၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျရင် အတည်ပြုပေးမယ်လို့ သိရပါတယ်။

DVB Burmese