တရားမ၀င်သစ်ဖမ်းရာတွင် ကူညီသူများကို ကျပ် သန်း ၁၁၀ ကျော်ပေးခဲ့

ပို့စ်တင်ချိန် - 3/18/2014 04:49:00 PM



တရားမ၀င်သစ် ဖမ်းဆီးရမိနိုင်ရေးမှာ ပါဝင်ကူညီခဲ့သူ သတင်းပေး၊ သစ်တောဝန်ထမ်း၊ အရာရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုကြေး ကျပ်ငွေ သန်း ၁၁၀ လောက် ပေးခဲ့ပြီး ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောပါတယ်။

မတ် ၁၇ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်တော ထိန်းသိမ်းရေး၊ သစ်မှောင်ခိုနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အ မတ်တွေက မေးမြန်း တာကို ဖြေကြားရင်း ခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ သစ်ဖမ်းဆီးရမိမှုတွေမှာ သတင်းပေးကို ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ၁၀ ရာခိုင်နှုန်း ခွဲပေးတဲ့အကြောင်း၊ ဒါကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က သစ်တောဝန်ထမ်းတွေကို ဆုကြေးငွေ ၉၅ သန်းကျော်၊ အထူးအရာရှိတွေကို ၇ သန်းကျော်၊ ရဲတပ်ဖွဲ့ကို ၈ သန်းကျော်နဲ့ တပ်မတော်သားတွေကို ကျပ်ငွေ ၅ သိန်းကျော် ခွဲဝေပေးခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

DVB Burmese