ကမ္ဘာ့ဖလားကို ကြိုဆိုသည့် လမ်းဘေးအရုပ်ကြီးများ

ပို့စ်တင်ချိန် - 5/30/2014 10:42:00 AM


ကမ္ဘာ့ဖလားကို ကြိုဆိုသည့် လမ်းဘေးအရုပ်ကြီးများ
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်မှ ခြေစစ်ပွဲအောင်သော အသင်းများတွင် တရုတ်နိုင်ငံ
မပါဝင်ခဲ့ချေ။ သို့သော်လည်း တရုတ်နိုင်ငံသားများ အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှ ပွဲကြီးပွဲကောင်းများအတွက် ကြိုတင်တက်ကြွ ရူးသွပ်နေပြီ ဆိုသည်ကိုမူ လမ်းဘေးတစ်နေရာမှ အရုပ်ကြီးများက သက်သေပြလျှက် ရှိသည်။

အင်္ဂလန် တိုက်စစ်မှူး ဝိန်းရွန်နီ၊ ဥရုဂွေးမှ လူးဝစ်ဆွာရက်ဇ်၊ ဂျာမနီမှ ဘက်စတိန်း ရှဝိန်းစတိုင်ဂါနှင့် မီဆွတ်အိုဇေးလ်တို့ အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နာမည်ကျော် ကစားသမား အချို့၏ ရယ်ရွှင်ဖွယ် ကာတွန်းရုပ်ကြီးများကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ဟောင်ကောင်မြို့ လမ်းဘေးတစ်နေရာတွင် တွေ့ရှိနေရပြီ ဖြစ်သည်။




ယင်းရုပ်တုကြီးများကို ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးဂုဏ်ပြုကာ ထုလုပ်ထားခြင်း ဖြစ်သည်။ ယင်းပုံတူ ရုပ်တု၏ မူလရည်ညွှန်းရာ ကစားသမားများသည် အာရှတလွှားနှင့် ဟောင်ကောင်တွင် လူသိများသူများလည်း ဖြစ်နေသည်။ ရုပ်ပြောင်ဖန်တီးထားသည့် အရုပ်ကြီးများတွင် ရှုပ်ထွေးကောက်ကွေးနေသည့် ဆံပင်အုံကြီးကြောင့် လူအများ သတိပြုမိလေ့ရှိသည့် ဘယ်လ်ဂျီယံ ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီ၊ အင်္ဂလန် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်တို့လည်း အပါအဝင် ဖြစ်သည်။

ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သော်လည်း ရွန်နီ၏ အသားအရောင်မှာ အညိုဘက်သို့ သိသိသာသာ ကူးပြောင်းနေပြီး ရှဝိန်းစတိုင်ဂါ၏ ဆံပင်မှာလည်း အနက်ရောင် ဖြစ်နေသည့် အချက်များမှာမူ ပြင်ပနှင့် ကွဲလွဲနေသည့်အတွက် ဝေဖန်မှု အချို့လည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။

planet