Apple Q & A

ပို့စ်တင်ချိန် - 5/30/2014 11:51:00 AM


ကျွန်တော် အသုံးပြုနေတာကတော့ iPhone 5 ပါ။ ကျွန်တော့်ဖုန်း Screen ကကွဲသွားလို့ ရန်ကုန်မှာဖုန်းကို Screen လာလဲပါတယ်။ Screen အသစ်လဲပြီး ပြန်လာတဲ့အချိန်မှာ ဖုန်းကဖုန်းခေါ်တဲ့အခါမှာ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်တွေကို နှိပ်လို့မရဘဲ ဖုန်းနံပါတ်တစ်ခုတည်းကိုပဲ ခေါ်နေပါတယ်။ ဖုန်းခေါ်တဲ့ခလုတ်ကို နှိပ်လိုက်ချိန်တိုင်းမှာ သူပေါ်ချင်တဲ့ဖုန်းနံပါတ် တစ်ခုကိုပဲလာလာပေါ်ပြီး ခေါ်နေပါတယ်။ အဲဒီအပြင် ဖုန်းခေါ်နေတာက မှားနေလို့ဖုန်းကို ပြန်ချလိုက်တဲ့အချိန်မှာလည်း ဖုန်းကချလို့ပဲရပြီး ဖုန်း Keypad နေရာပဲရပ်နေပါတယ်။ ပိတ်လို့လည်းမရပါဘူး။ ဘာမှလည်းလုပ်လို့မရဘဲ ဟန်းနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

iOS7 နဲ့ iPhone 5 တွေမှာအဲဒီလိုပဲ ဖြစ်တတ်ပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့ Hardware စနစ်တစ်ခုခုကိုဖြုတ်ပြီး ပြန်တပ်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ Error ပါ။ ဖုန်းထဲက Hardware စနစ်ဆက်သွယ်မှုတွေကို ခေတ္တဖြတ်တောက်လိုက်တဲ့ အချိန်မှာဖုန်းရဲ့ Chip နဲ့ချိတ်ဆက်ထားတဲ့ စနစ်တွေရပ်တန့် သွားတဲ့အတွက် ပြန်လည်အသုံးပြုချိန်မှာ ဖုန်းက Error ဖြစ်နေတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတယ် ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းက Jailbreak လုပ်ထားပြီး SB Setting တို့ဘာတို့ အသုံးပြုထားတယ်ဆိုရင်တော့ အလွယ်တကူပဲ ဖုန်းကို Restart ပြုလုပ်လိုက်လို့ အဆင်ပြေပါတယ်။ အဲဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ဖုန်းကို ကွန်ပျူတာမှာ iTune နဲ့ချိတ်ဆက်ပြီး Backup လုပ်လိုက်ပါ။ ပြီးရင်တော့ Restore Backup ပြန်လုပ်လိုက်ပါ။ ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်။

-ကိုသက်
Internet Journal