ချင်းတွင်းမြစ်အတွင်း လူငယ်လေးဦး ရေနစ်ခဲ့ရာ တစ်ဦးကယ်တင်နိုင်ပြီး သုံးဦးသေဆုံး

ပို့စ်တင်ချိန် - 5/30/2014 02:41:00 PM


သတင်း၊ ကိုတိုးကြိး
မုံရွာ၊ မေ ၂၉
လူငယ်လေးယောက် ရေဆင်းချိုးရာမှ လေးဦးစလုံးရေနစ်ခဲ့ပြီး အနီးရှိ စက်လှေလုပ်သားများက တစ်ဦးသာ လျင် အချိန်မီကယ်တင်နိုင်ခဲ့သဖြင့် ကျန်လူငယ်သုံးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်အား မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်က မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ကန္နားလမ်း၊ ထန်းတောကြီး ကူးတို့ဆိပ်၊ ချင်း တွင်းမြစ်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။
ချင်းတွင်းမြစ်ရေဆင်းချိုးသည့် လူငယ်လေးဦးမှာ မောင်နေတိုး အသက်(၁၅)နှစ်၊ မောင်သက်မင်းထွန်း အသက်(၁၆)နှစ်၊ မောင်ဖိုးသား အသက်(၁၆)နှစ်ဆိုသူနှင့် မောင်မြတ်နိုးခိုင် အသက်(၁၆)နှစ် ဆိုသူတို့ဖြစ် ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသူ ဒုရဲအုပ် လွင်အောင်မိုးထံမှ သိရ သည်။
ထိုသူ လူငယ်လေးဦးအနက် မောင်မြတ်နိုးခိုင် တစ်ဦးတည်းသာလျင် အနီးရှိ စက်လှေလုပ်သားကြီးများက အချိန်မီ ကယ်ဆယ်ပေးလိုက်နိုင်သည့်အတွက် သေဘေးမှလွတ်မြောက်ခဲ့သော်လည်း ကျန်လူငယ်သုံးဦး အနက် မောင်နေတိုး နှင့် မောင်သက်မင်းထွန်း ဆိုသူတို့၏ ရုပ်အလောင်းအား ထိုနေ့ည ၁၁ နာရီခွဲအချိန် တွင် ဆယ်ယူရရှိခဲ့သည်။ မောင်ဖိုးသား ဆိုသူ၏ ရုပ်အလောင်းမှာ ၂၉ ရက်နေ့မနက် ၁၂ နာရီအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
“ ကျန်လူငယ်တစ်ဦးကတော့ အသက်ရှင်လျက်ပြန်လည်တွေ့ဖို့ မျှော်လင့်ချက် အလွန်နည်းနေပါတယ်..” ဟု မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်က ပြောပြသည်။
အဆိုပါ လူငယ်သုံးဦး ရေနှစ်သေဆုံးခဲ့ရခြင်းအား မုံရွာမြို့မရဲစခန်းက သေမှုသေခငိး အမှတ်စဉ် ၁၃/ ၂၀၁၄ အရ အမှုရေးဖွင့်၍ မှုခင်းဆေးပညာအရ ဆက်လက်ဆောင်ရွက်နိုင်ရန် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆောင် ထားကြောင်း သိရှိရသည်။


ကိုတိုး ချင်းတွင်း