ဓာတ်ငွေ့အရောင်းဆိုင် ထရန်စဖော်မာပေါက်၍ လမ်းပေါ်သွားနေသည့် ကားအတွင်းရှိခရီးသည်ကိုထိမှန်

ပို့စ်တင်ချိန် - 5/30/2014 10:23:00 AM




သဘာဝဓာတ်ငွေ့အ ရောင်းဆိုင်တွင် ထရန်စဖော်မာကွိုင်အိုး   ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ပြည်လမ်းမပေါ် မောင်းနေသော ခရီးသည်ယာဉ်တစ်စီးပေါ်ရှိ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရရှိကာ ယာဉ်နှစ်စီးကားမှန်များ ကွဲအက်ခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ် ရန်ကုန်- ပြည်လမ်းမဘေးရှိ အမှတ် ၀၂၅ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၏ ညာဘက်ဝင်ပေါက်အနီးတွင် တပ်ထားသော မြန်မာ့ရေနံနှင့် သ ဘာဝဓာတ်ငွေ့ လုပ်ငန်းဌာနပိုင် ထရန်စဖော်မာ CT ကွိုင်အိုးသည် မေလ ၂၇ ရက် ညနေအချိန်ကရှော့ခ်ဖြစ်ရာမှ မြက်ခြောက်များကို မီးစွဲလောင်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိသည်။

ထိုသို့ ပေါက်ကွဲစဉ် ရန်ကုန်- ပြည်လမ်းအတိုင်း မောင်းနှင်နေ သော အမှတ် (၅၃) မထသ ယာဉ် လိုင်း ရန်ကုန်-မှော်ဘီ ခရီးသည် တင်ယာဉ်၏ ညာဘက်ဘေးမှန် ကို ထရန်စဖော်မာမှ ကြွေသီး ထိ မှန်ခဲ့သည်။ ကားမှန်ကွဲသွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးကြီးတစ်ဦးကို ဆက်လက်ထိမှန်ကာ ၎င်းညာဘက်လက်ဖျံနှင့် ကျောကုန်းတွင် ဒဏ်ရာများရခဲ့ကြောင်း သိရသည်။

 ပေါက်ကွဲမှုကြောင့် ပြည် လမ်းမပေါ်တွင် မောင်းနေသော စူပါကာစတန်ယာဉ်တစ်စီးနှင့် ဓာတ်ငွေ့ဆိုင်အတွင်း ရပ်ထား သော စူပါရုယာဉ်သို့ မှန်များကွဲ အက်သွားခဲ့သည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သန်းဌေး
7day daily