လက်နက်ကိုင်အဖွဲ့ ခေါ်ဆောင်သွားသူအချို့ ထွက်ပြေး လွတ်မြောက်

ပို့စ်တင်ချိန် - 5/30/2014 03:27:00 PM


ကွတ်ခိုင်၊ မေ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လောခုန်နင့် မန်းနိမ့် ကျေးရွာများတွင် မေလ ၂၁ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသော ဒေသခံ တိုင်းရင်းသား၂၅ ဦးအနက် ၁၅ ဦးမှာ ပြန်လည် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ကွတ်ခိုင်စစ်ဗျူဟာမှုး ဗိုလ်မှုးကြီးသန်းဦးက ပြောကြားသည်

“ပြောက်ကျားဝတ် ၂၀ လောက်နဲ့ လာခေါ်တာ။ ကျွန်တော်တို့နဲ့ ပလောင် စကားပဲ ပြောတယ်။ ကျန်တဲ့လူမျိုးတွေလည်း ရောနောနေတယ်။ ခေါ်သွားတဲ့ ညက ၁၂ နာရီလောက်မှာ သူတို့အဖွဲ့တွေ ခရီးထောက်ပြီး အိပ်ကြတယ်။ အဲဒီမှာ ပြန်လွတ်အောင် ပြေးလာတာ” ဟု ပြန်လည် ထွက်ပြေးလာသူ ပအို့ဝ်းတိုင်းရင်းသား ကိုလင်းအောင်က ဆိုသည်။

လင်းအောင်နှင့်အတူ ၆ ဦးမှာ ရွာသို့ ပြန်ရောက်လာပြီ ဖြစ်သော်လည်း ကျန်လွတ်မြောက်လာသူ ၉ ဦးမှာ မရောက်ရှိသေးကြောင်း ၎င်းကဆိုသည်။

“အဆိုပါနယ်မြေ ကျေးရွာဒေသများသို့ နယ်မြေစိုးမိုးရေး ဆောင်ရွက်ရန် စစ်ကြောင်း စေလွတ်ထားပြီး ဖြစ်ရာ ထိပ်တိုက် ရင်ဆိုင်မိပါက စစ်ပွဲငယ်များ ဖြစ်ပွားလာနိုင်ကြောင်း ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။

The Voice Weekly