မြေမြုပ်နေတဲ့ ရတနာသိုက်

ပို့စ်တင်ချိန် - 5/30/2014 09:32:00 AM


စက်ရုံပျက်တစ်နေရာမှာ တွေ့ရတဲ့ ဖန်ထည်ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/ြ
မန်မာတိုင်း(မ်)စက်ရုံပျက်တစ်နေရာမှာ တွေ့ရတဲ့ ဖန်ထည်ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)
ဦးဖန်မြေမှန်မြေဟာ သူ့အသက် ဘယ်လောက်လဲဆိုတာ ကောင်းကောင်း မမှတ်မိတော့ပါဘူး။
“၆၀ တော့ကျော်ပြီ။ ဒါပေမဲ့ ၇၀ တော့ မပြည့်သေးပါဘူး”လို့ နောက်ခြောက်နှစ်လောက်ဆို
ပျက်စီးမယ့်ပုံရတဲ့ သံချေးတက်ပြီး အဆင်းမရှိတော့တဲ့ သွပ်ခေါင်မိုးအရိပ်အောက်မှာ ထိုင်ရင်း
သူ့အသက်ကို ခန့်မှန်းပြီးပြောလိုက်ပါတယ်။

လေးဧကကျယ်ဝန်းတဲ့ဝင်းထဲမှာ သစ်ရွက်တွေနဲ့ ချုံပင်တွေ တစ်ဝက်တစ်ပျက် ဖုံးလွှမ်းထားတဲ့




အရာတွေနဲ့ သူ့ဘေးမှာ ပြန့်ကျဲတည်ရှိနေတာတွေကတော့ သူ့တစ်သက် ကြိုးပမ်းအားထုတ်ခဲ့ရာ
ကနေ ရလာတဲ့အသီးအပွင့်တွေပါပဲ။

ဒီနေရာလေးကတော့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ တည်ရှိပြီး ဦးဖန်မြေ မှန်မြေ ငယ်ငယ်က
သူ့ဖခင်နဲ့အတူ စတင်လုပ်ကိုင်ခဲ့ရာ နဂါးဖန်ချက်စက်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး
လက်ဖြစ်ဖန်ချက်စက်ရုံလေးပါ။

ဒီ စက်ရုံကလေးဟာ အင်းလျားကန်အရှေ့ မြောက်ပိုင်းနားက ဘရာဇီးလ်သံရုံး အနောက်ဘက်မှာ
ရှိတဲ့ ယာဉ်အသွားအလာနည်းတဲ့ လမ်းခွဲလေးမှာ မထင်မရှား တည်ရှိပါတယ်။
လမ်းသွယ်လေးအဖြစ် ခွဲထွက်သွားတဲ့ မြေသားလမ်းလေးအတိုင်း ခေါင်မိုးကြီးတစ်ခုကိုဖြတ်ပြီး
သွားလိုက်ရင် လွန်ခဲ့တဲ့ခြောက်နှစ်က နာဂစ် မုန်တိုင်းဒဏ်ကို အန်တုရင်း အပျက်အစီးတွေနဲ့
ကျန်ရစ်ခဲ့တဲ့ စက်ရုံကလေးကို တွေ့ရမှာပါ။

နဂါးဖန်ချက်စက်အတွင်းမှာတော့ သစ်ပင်ကြီးတွေက ဖရိုဖရဲလဲကျနေပြီး အလုပ်ရုံနဲ့ ဂိုဒေါင်တွေ
ကလည်း ပျက်စီးယိုယွင်းနေသလို တစ်ခါက စက်ရုံကို ထင်ရှားကျော်ကြားစေခဲ့တဲ့ အဖိုးတန်
ဖန်ထည်တွေကို တောင်ပုံရာပုံ တွေ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပျက်စီးခဲ့ရတာကြောင့်
တခြားလူသုံးကုန်ပစ္စည်း အများစုလိုပဲ ဖန်ထည်တွေကိုလည်း ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံကနေ
တင်သွင်းခဲ့ရပါတယ်။

အဲဒီအချိန်မှာ ဦးဖန်မြေမှန်မြေရဲ့ ဖခင်နဲ့ သူ့မိတ်ဆွေငါးဦး တို့ဟာ မြန်မာပြည်ဖြစ် ဖန်ထည်တွေ
ထုတ်လုပ်ဖို့ စီးပွားရေးအခွင့်အလမ်းကို မြင်ခဲ့ကြပါတယ်။

“အစပိုင်းမှာတော့ သူတို့လက်ရာတွေက သိပ်မကောင်းပါဘူး။ ဖန်ထည်မှုတ်ရာမှာ ကျွန်တော်တို့
တွေ နည်းနည်းချင်းစီ တိုးတက်လာကြပါတယ်။ ဖန်ထည်ပြုလုပ်နည်းနဲ့ပတ်သက်ပြီး ကျွန်တော်
စာအုပ်တွေအများကြီး ဖတ်ရှုလေ့လာခဲ့ပါတယ်” လို့ ဦးဖန်မြေမှန်မြေက ပြောပြပါတယ်။
“ဖန်ထည်ပုံစံအမျိုးမျိုး ပုံဖော်နည်း၊ ဖန်သားကောင်းအောင် ပြုလုပ်နည်းနဲ့ ရှိသင့်တဲ့အပူချိန်ရအောင်
လုပ်နည်း စတာတွေကို ကိုယ်တိုင် သင်ယူလေ့လာခဲ့ရတာပါ။ အပူချိန်များလွန်းရင်
အရမ်းပျော့လွန်းသွားတဲ့အတွက် ပုံဖော်လို့ မကောင်းပါဘူး။ အေးလွန်းပြန်တော့လည်း ဖန်ထည်က
ကွဲသွားတတ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ဦးဖန်မြေမှန်မြေ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)ဦးဖန်မြေမှန်မြေ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)
ဥရောပနဲ့ အာရှက ဖန်မှုတ်သမားတွေနဲ့ မတူတာက ဦးဖန်မြေမှန်မြေနဲ့ သူ့ဖခင်ရဲ့အလုပ်သမားအဖွဲ့
ဟာ ဖန်ထည်မှုတ်နည်းတွေကို စာတွေ့သင်ယူခဲ့ကြတာပဲဖြစ်ပါတယ်။
အင်္ဂလန်က ဖန်မှုတ်နည်းစာအုပ်တွေမှာပြီး သူတို့စက်ရုံကို နာမည်ကြီးစေတဲ့ အနုစိတ်လှတဲ့
ရုပ်တုတွေနဲ့ ဖန်ထည်လုပ်နည်းတွေကို ကိုယ်တိုင်လေ့လာ သင်ယူခဲ့ကြတာပါလို့ ဦးဖန်မြေမှန်မြေ
က ပြောပြပါတယ်။

သူတို့ရဲ့ စိတ်ရှည်မှုနဲ့ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် နဂါးဖန်စက်ဟာ မြန်မာနိုင်ငံအတွင်းမှာ
အလျင်အမြန် နာမည်ရလာခဲ့ပါတယ်။

စက်ရုံ အောင်မြင်မှုရနေချိန်အတွင်း ရောက်လာခဲ့ကြတဲ့ ဧည့်သည်တွေထဲမှာ
ဒေါ်အောင်ဆန်းစုကြည် မိသားစုလည်း ပါဝင်ပြီး ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ အမေရိကန်
အာကာသယာဉ်မှူး John Glenn ဟာ မြန်မာနိုင်ငံကို ခရီးတစ်ထောက်ဝင်စဉ်မှာလည်း
နဂါးဖန်စက်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
နဂါးဖန်စက်ဟာ လုပ်ငန်းကြီးတစ်ခုအဖြစ် အောင်မြင်မှုရလာခဲ့ပြီး ဦးဖန်မြေမှန်မြေနဲ့ ညီမတွေဟာ
နောက်ပိုင်းမှာ စက်ရုံကို ဦးဆောင် လုပ်ကိုင်ခဲ့ကြပါတယ်။
စက်ရုံရဲ့ ငွေကြေးအရ တန်ဖိုးကို သူက မမှတ်မိတော့ပေမယ့် အဲဒီတုန်းက ၀န်ထမ်း ၁၀၀ ကျော်
ရှိတယ်လို့ သူက ပြောပြပါတယ်။

ဖန်ထည်တွေကို ပြည်တွင်းမှာ ဖြန့်ချိတဲ့အပြင် ထိုင်းနဲ့ ဂျပန်နိုင်ငံကိုလည်း တင်ပို့ရောင်းချတယ်လို့
ဆိုပါတယ်။
ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့မှု ဒဏ်ကို ခံစားခဲ့ရပြီး လုပ်ငန်းလည်း သိသိသာသာ
ကျဆင်းသွားခဲ့ပါတယ်။
နောက် ဆယ်နှစ်လောက်အကြာမှာတော့ မြစ်ဝကျွန်း ပေါ်ဒေသကို မွှေနှောက်ပြီး ရန်ကုန်ကိုပါ
ဝင်လာတဲ့ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ ရပါတယ်။

စက်ရုံခြံဝင်းအတွင်း ပြန့်ကျဲနေတဲ့ ဖန်ထည်ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)စက်ရုံခြံဝင်းအတွင်း ပြန့်ကျဲနေတဲ့ ဖန်ထည်ပစ္စည်းများ။ ဘရစ်ဂျစ်ဒီဆာတို/မြန်မာတိုင်း(မ်)
လူပေါင်းတစ်သိန်းကျော် သေကျေခဲ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် သူတို့မိသားစုရဲ့အိမ်မကြီး၊ စက်ရုံနဲ့
ဂိုဒေါင်တွေ ပျက်စီးခဲ့ရပါတယ်။
သက်တမ်းရာချီရှိတဲ့ သစ်ပင်ကြီးတွေနဲ့ ဖန်ချက် စက်ရုံရဲ့ မီးခိုးခေါင်းတိုင်တွေဟာ ခြံထဲမှာ
လဲကျနေပါတယ်။

မုန်တိုင်းကြောင့် လျှပ်စစ်မီးနဲ့ ရေလည်း ပြတ်သွားခဲ့ရပါတယ်။
နာဂစ်မုန်တိုင်းကြောင့် သူတို့မိသားစုဟာ စိတ်ခံစားမှုအရရော၊ တကယ့်အခြေအနေအရပါ
အမှောင်ထုထဲ ရောက်သွားရပါတယ်။

နိုင်ငံခြားသားတွေ မြန်မာနိုင်ငံက ထွက်သွားပြီဆိုတဲ့ ကောလာဟလကို နာဂစ်မုန်တိုင်း
မတိုက်ခင်လေးမှာ သူကြားခဲ့ရတယ်လို့ ဦးဖန်မြေမှန်မြေက ပြောပြပါတယ်။
ဒီသတင်းကြောင့် စိတ်ထဲတစ်မျိုးဖြစ်မိတာနဲ့ စက်ရုံထဲက ဂက်စ်ပိုက်လိုင်းတွေကို မုန်တိုင်းကြောင့်
မြေပြိုတာ မဖြစ်ခင်လေးမှာ လိုက်ပိတ်နေခဲ့မိတယ်လို့လည်း သူက ပြောပြပါတယ်။
“ဒီလိုဖြစ်ခဲ့တာက ကျွန်တော်တို့ကို အသက်ဘေးက ဝေးစေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့
အဲဒီအချိန်မှာ ကျွန်တော်တို့ ဟိုနားမှာ ရှိနေခဲ့တာပေါ့”လို့ အိမ်ရဲ့တစ်ဖက်မှာရှိတဲ့ မြောင်းထဲက
သွပ်မိုးဖျင်ကာ တဲလေးကို ညွှန်ပြရင်း သူက ပြောပါတယ်။
“ဂက်စ်တွေအားလုံးကို ပိတ်ထားလိုက်မိလို့ မီးမလောင်တာပေါ့ဗျာ” လို့ ဦးဖန်မြေမှန်မြေက
ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှုကြောင့် ငွေကြေးအကျပ်အတည်းနဲ့ ကြုံခဲ့ရတဲ့အပြင် နာဂစ်မုန်တိုင်းကြောင့်
စက်ရုံနဲ့ အလုပ်ရုံတွေ ပျက်စီးသွားတဲ့အတွက် သူ့ရဲ့ဝန်ထမ်း ၆၀ ကို အလုပ်ဖြုတ်လိုက်ရပြီး စက်ရုံ
ကိုလည်း တရားဝင် ရပ်နားခဲ့ရပါတယ်။
“အခုတော့ ဒါက ကျွန်တော်တို့ရဲ့ သဘာဝ အလုပ်ရုံပေါ့” လို့ ခြံထဲကို လက်ညှိုးညွှန်ပြရင်း သူက
ပြောပြပါတယ်။
ခြံထဲက သစ်ရွက်တွေအောက်မှာ လက်ရာမြောက်လှတဲ့ လက်ဖြစ် ဖန်ထည်တွေ အပုံလိုက်
ဆင့်ထားတာ တွေ့ရ ပါတယ်။
ဦးဖန်မြေမှန်မြေဟာ ပြန်ပြင်လို့မရတော့တဲ့ သူ့စက်ရုံနဲ့ သူ့ကိုယ်သူ ခိုင်းနှိုင်းပြောဆိုပါတယ်။
သူက စက်ရုံကို ပြန်ပြင်ဖို့နဲ့ ဖန်ထည်ဆိုင်ဖွင့်ဖို့ စိတ်မ၀င်စားတော့ဘူးလို့ ပြောပါတယ်။
“လူတွေက အပျက်အစီးတွေကြားထဲက ဖန်ထည်တွေကိုကြည့်ရတာ နှစ်သက်ကြတယ်”
လို့လည်း သူကပြောပါတယ်။
နဂါးဖန်စက်ဟာ ဘရာဇီးလ်သံရုံး အနောက်ဘက်က လှိုင်မဟာစည်လမ်းပေါ်မှာ တည်ရှိပြီး
သစ်ရွက်တွေနဲ့ ချုံပင်တွေထဲက ဖန်ထည်တွေကို နှစ်သက်ရာ လာရောက်ဝယ်ယူနိုင်စေဖို့
ပိတ်ရက်မရှိ ဖွင့်ပေးထားပါတယ်။

ဝယ်မယ့်သူက လိုချင်တာကို ပြလိုက်ရင်တော့ ဦးဖန်မြေမှန်မြေရဲ့ညီမ ဒါမှမဟုတ်
တူမတစ်ယောက်ယောက်က ဖန်ထည်က ဖုန်တွေကို သုတ်ပေးပြီး ထုပ်ပိုး ပြင်ဆင်ပေးပါလိမ့်မယ်။
ပန်းအိုးတွေက ကျပ် တစ်သောင်းကနေ တစ်သောင်းခွဲအထိ အမျိုးမျိုးရှိပြီး ရေခွက်နဲ့ ၀ိုင်ခွက်
တွေက ကျပ် ခြောက်ထောင် ၀န်းကျင်လောက် ရှိပါတယ်။

ရုပ်တုတွေကလည်း ကြောင်ရုပ်၊ ငါးရုပ်ကနေ ခရစ်တော်ဖွားမြင်ခန်းရုပ်တွေအထိ အမျိုးမျိုးရှိပြီး
အနည်းဆုံးကတော့ ကျပ် ငါးထောင်လောက် ရှိပါတယ်။

ဘရစ်ဂျစ်ဒီဆာတို

သီရိမင်းထွန်း ဘာသာပြန်သည်။

မြန်မာတိုင်း(မ်)