မှုခင်းကြိုတင်ကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေး

ပို့စ်တင်ချိန် - 5/30/2014 06:43:00 PM


မုံရွာ၊ မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ကန္နားလမ်း၊ ကျောက်ဆောင်ဆိပ်ကမ်းနေရာ ချင်းတွင်း မြစ်ဘေးတွင် ညဦးယံအချိန်များ၌ လာရောက်အပန်းဖြေအနားယူလျက်ရှိသော မိန်းမလျာများအား မှုခင်းကြို တင်ကာကွယ်ရေး လုပ်ငန်းများအတွက် လှည့်ကင်းရဲအဖွဲ့များက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဘွယ်ရာအကြောင်းများရှိသည့်အတွက် ယင်း ကဲသို့ခေါ်ယူစစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု ရဲမှူး ကြူအင်းမှ ဆိုသည်။
မုံရွာမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းမှ ညဦးပိုင်းလှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များစုပေါင်းကာ ပြစ်မှုကျူးလွန်းနိုင်ဘွယ်ရာ အခြေအနေရှိသည်ဟု ယူဆရသည့် မသင်္ကာသူများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ရှေ့မှောက်တွင် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှ မသင်္ကာဖွယ်ရာ အခြေအနေရှိသူများအား မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်း များအတွက် ခေါ်ယူစစ်ဆေးမေးမြန်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း မုံရွာမြို့ပေါ်ရှိ ဖုန်းဟန်း စက် အရောင်းဆိုင်အချို့နှင့် နေအိမ်အချို့ ဖောက်ထွင်းခိုးယူခံရသည့် ပြစ်မှုဖြစ်စဉ်များအတွက် စုံးစမ်းဆဲ ကာလသာလျင်ဖြစ်ကြောင်း နယ်ထိန်းရဲအရာရှိတစ်ဦးထံမှ သိရသည်။
ထိုမျှမက ယာဉ်အချက်ပြ အယ်အီးဒီ မှိတ်တုတ် မီးခွက်များ ရိုက်ချိုးဖျက်စီးခံရသည့် အမှုများလည်း ဖော် ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း