ယနေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံယူနမ်ပြည်နယ်မှာ အင်အား(၆.၁) ရစ်တာ ရှိသည့် ငလျှင်လှုပ်

ပို့စ်တင်ချိန် - 5/30/2014 02:49:00 PM


၃၀ မေ ၂၀၁၄
ယနေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံယူနမ်ပြည်နယ်မှာ အင်အား(၆.၁) ရစ်တာ ရှိသည့် ငလျှင်လှုပ်ခဲ့သဖြင့် လူ၂၉ဦး သေဆုံးပြီး အဆောက်အဦးများပြိုကြခဲ့ကြောင်း သိရသည်။



တရုပ်ပြည်သူ့ တပ်ဦးမှ ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်လုပ်ဆောင်နေကြသည်၊ ယူနမ်ပြည်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ် ဘက်တွင်းလည်း သက်ရောက် မှုများရှိနိုင်ကြောင်း၊

6.1 magnitude quake shakes Chinese county

Summary Beijing: A 6.1-magnitude earthquake hit a county in southwest China’s Yunnan Province at 9:20 am Beijing Time today, the China Earthquake Networks Centre said. The epicentre was in Yingjiang County, the Dai-Jingpo Autonomous Prefecture of Dehong at a depth of 12 km, it said according to reports in the state-run Xinhua news agency.

====================================================


တရုတ်-မြန်မာနယ်စပ်တွင် ငလျင်လှုပ်

မေ ၃၀ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီ ၅၁ မိနစ်လောက်က တရုတ်-မြန်မာနယ်စပ်မှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပြီး တရုတ်နိုင်ငံဘက်ခြမ်းမှာ လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။

ဓာတ်ပုံ – ဆင်ဟွာ

မန္တလေးတိုင်း မြေငလျင်စခန်းမှ တိုင်းတွာချက်တွေအရ မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက် ၃၈ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၉ ရစ်ခ်ျတာစကေး အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မြန်မာ မိုးဇလဌာနက ဒီဗွီဘီကို ပြောပါတယ်။
အမေရိကန် ဘူမိဗေဒ တိုင်းထွာရေး အဖွဲ့ (USGS) ကတော့ အဲဒီငလျင်ဟာ တရုတ်ပြည် ယွမန်ပြည်နယ်ထဲက ပင်းယွမ်ဒေသရဲ့မြောက်ဘက် ၂၇ ကီလိုမီတာမှာ လှုတ်ခတ်သွားတာဖြစ်ပြီး ငလျင်အနက် ၁၀ ကီလိုမီတာ ရှိတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ငလျင်ဒဏ်ကို သိရှိခံစားလိုက်ရတဲ့အကြောင်းနဲ့ တချို့နေရာတွေ နေအိမ်က မီးသီးတွေ လှုပ်ယမ်းသွားတာလောက်ပဲ ဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ မြို့ခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

အဲဒီငလျင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယင်ကျန်းပြည်နယ်ထဲမှာ လှုပ်ခတ်သွားပြီး လူ ၂၉ ယောက် ဒဏ်ရာရရှိတာမှာ ၅ ယောက်ကတော့ အရေးပေါ်အခြေအနေ ဖြစ်တယ်လို့ တရုတ်မြေငလျင်ကွန်ရက်ဌာနကို ကိုးကားပြီး တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

DVB Burmese