မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့တွေ အကြားစတင်တိုက်ပွဲဖြစ်ပွား

ပို့စ်တင်ချိန် - 5/30/2014 06:49:00 PM



မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်ဘက်တပ်ဖွဲ့အကြား ယနေ့ညနေ ၄ နာရီခန့်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို ဘင်္ဂလာဒေခ်ျ့ အွိုင်လိုင်း သတင်းများတွင် ဖေါ်ပြသည်။

တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အကျအဆုံး အထိအခိုက်ကို မသိရသေးကြောင်း BGB ဘင်ဒရိုဘင် ခရိုင် တပ်မှူး ဗိုလ်မှူးကြီး Col KM Saiful Islam က ပြောကြောင်း သတင်းများတွင် ဖေါ်ပြသည်။

ယင်းပြင် တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့မှ အရာရှိ တစ်ဦး ကျဆုံးသွားခြင်းအပေါ် မြန်မာဘက်သို့ ကန့်ကွက်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် အခြေအနေမှာ အထူးရှုတ်ထွေးနေကြောင်း၊ သတိထားရမည့် အခြေအနေလည်း ရှိနေကြောင်း ကော့စ်ဘဇားမြို့မှ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

နိရဉ္စရာ