2K Display ရုပ်ထွက်နဲ့ အထင်ကြီးစရာ LG G3

ပို့စ်တင်ချိန် - 5/30/2014 11:50:00 AM


တကယ်တော့ LG က 4K ရုပ်ထွက် မျက်နှာပြင် ရှိတဲ့ UHD Screen ကို ဖြစ်စေချင်ခဲ့တာပါ။ အခုတော့ ရုပ်ထွက် 2560×1440 2k ရုပ်ထွက် အထက်နားလောက်မှာပဲ ရှိလာတဲ့အတွက် Quad HD မျက်နှာပြင်
စမတ်ဖုန်းလို့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Quad HD မျက်နှာပြင်နဲ့ Screen ရုပ်ထွက်မှာ အခြား နာမည်ကြီးဖုန်းတွေ ဖြစ်တဲ့ HTC M8 နဲ့ Galaxy S5 တို့ထက် ပိုသာလွန်ခဲ့ပါတယ်။ ဒါဟာ သူရဲ့ ထူးခြားချက်လို့ ပြောလို့ရပါတယ်။

မျက်နှာပြင် အရွှယ်အစား ၅.၅ လက်မ ဖြစ်ကာ နောက်ဆုံးထွက် High-end ဖုန်းတွေထဲမှာတော့ အကျယ်ဝန်းဆုံးပါပဲ။ Pixel သိပ်သည်းဆကိုက 538 တို့နဲ့ သိပ်ကို မိုက်ပါတယ်။ ထို ရုပ်ထွက် မြင်ကွင်းဟာ ၂၇ လက်မရှိတဲ့ iMac တစ်လုံးနဲ့ တူညီနေပါတယ်။ G3 ဟာ အမြင့်စားရုပ်ထွက်တွေ ပါဝင်တဲ့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ LG ခေါ်ဆိုထားတဲ့ Quad-HD ရုပ်ထွက်နဲ့ ထဲမှတော့ ပထမဦးဆုံး စီးကြောင်း တစ်ခုပါပဲ။ အရည်အသွေးမြင့်မားတဲ့ High-end ဖုန်းတွေမှာသာ သုံးလေ့ရှိတဲ့ IPS LCD နဲ့တောက်ပနေတဲ့ G3 ဟာ 4K ဗီဒီယို လုပ်ဆောင်မူတွေကိုလည်း ပြုလုပ်ဆောင်ရွက်နိင်ပြီး အခြား HTC M8 နဲ့ Galaxy S5 တို့နဲ့ ယှဉ်ရိုက်ကြည့်တဲ့အခါမှာ သိပ်ကို ကောင်းမွန်ရှင်းလင်း ပြတ်သားနေတာကို တွေ့ခဲ့ရပါတယ်။

နောက်ထပ် ကင်မရာမှာ ထပ်ဆောင်းပါဝင်လာတာကတော့ Laser Focus ဖြစ်ပါတယ်။ ထို Laser Focus ဟာ Option နှစ်ခုကို လုပ်ဆောင်ပေးနိင်ပြီး
ပထမတစ်ခုကတော့ ကင်မရာဖွင့်လိုက်တာနဲ့ အရာဝတ္တုတွေကို သူအလိုလို ချိန်းပြီး လုပ်ဆောင်ပေးတာဖြစ်ပြီး နောက်ဒုတိယတစ်ခုကတော့ ကိုယ်လိုချင်တဲ့ အရာဝတ္တုကို Focus ချိန်းကာ ရိုက်ကူးနိင်တယ်ဆိုတဲ့
Option နှစ်ခုပါဝင်ပါတယ်။ အနောက်ကင်မရာက 13 megapixel ဖြစ်ပြီး အရှေ့ကင်မရာက 2.1 ပါ။

အစိတ်အပိုင်းနဲ့ စွမ်းဆောင်ချက်

စံနှုန်းတစ်ခုဖြစ်တဲ့ quad-core Snapdragon processor နဲ့ဖြစ်ပြီး RAM ကတော့ 2GB ရှိပါတယ်။ ဗီဒီယိုတွေကို ကြည်လင်လှတဲ့ 4K ရုပ်ထွက်နဲ့ ကြည့်ရူနိင်ပြီး ကောင်းမွန်လှတယ်လို့ သိရပါတယ်။ Android 4.4 KitKat နဲ့အတူ နောက်ထူးခြားမူတစ်ခုကတော့ G3 ၇ဲ့ထူးခြားလှတဲ့ ကီးဘုတ် ဖြစ်ပါတယ်။ ကီးဘုတ်မှာ ကိုယ်လို ချင်တဲ့ Emotion iCon တွေကို ထည့်သွင်းနိင်ပြီး စာရိုက်ချင်တဲ့ ကီးဘုတ် အရွှယ်အစားကို အသေးလိုချင်ရင် အသေး၊ အကြီး လိုချင်ရင် အကြီး၊ စတဲ့ လက်ကွက်ကို ကျယ်ချင်ရင်လည်း ကျယ်နိင် ချိန်းညှိနိင်ပါတယ်။

နောက်ထပ်အနေနဲ့ LG ဟာ သူရဲ့ Knock to unlock ကို G3 မှာ ပြန်ထည့်ထားတာကို တွေ့ရပါတယ်။ဒီတော့ ဖုန်း မျက်နှာပြင်ကိုလက်နဲ့ ခေါက်လိုက်တာနဲ့ Lock ပွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရသော် LG G3 ဟာ ဒီဇိုင်းပိုင်းကိုတိုးတက်ထားပြီး၊ UI နဲ့ UX တွေကိုလည်း စွဲဆောင်မူရှိအောင်လုပ်ထားတာကိုတွေ့ရပါတယ်။ အတွင်း အစိတ်အပိုင်းတွေကလည်း အထင်ကြီးစရာပါပဲ။





Aung Heine ...
Smart Pro Journal