ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှု အပိုင်းအတွက် Apple စိတ်ဝင်စားနေ

ပို့စ်တင်ချိန် - 2/14/2014 06:06:00 PM


Apple မှ ကိုယ်ခန္ဓာတွင် ဝတ်ဆင်နိုင်သော gadget များအတွက် ပြုလုပ်နေပြီဖြစ်ပြီး ၎င်း gadget ၌ သုံးစွဲသူ၏ ကျန်းမာရေးဆိုင်ရာ အချက်အလက် များကို စောင့်ကြည့်မည့်ဆော့ဖ်ဝဲ ထည့်သွင်း ပါရှိမည်ဖြစ်သည်။

ဆီလီကွန်တောင်ကြားရှိ နည်းပညာလုပ်ငန်းကြီးဖြစ်သော Apple နှင့် ခန္ဓာဗေဒပညာရှင်များမှ ကိုယ်ခန္ဓာနှင့်သက်ဆိုင်သော နည်းပညာဆိုင်ရာအတွက် လေ့လာသုတေသနပြုနေခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရပြီး ခန္ဓာဗေဒပညာရှင်များက ခန္ဓာကိုယ်စောင့်ကြည့်တိုင်းတာရေးပစ္စည်းများနှင့် နည်းပညာရပ်များအတွက် ကောင်းမွန်သော ရလဒ်များရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနည်းပညာကို iWatch ၌ ထည့်သွင်းသွားမည်ဖြစ်ပြီး Apple ၏ တာဝန်ရှိသူများမှ အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မိုဘိုင်းဆေးပညာဆိုင်ရာ application ကိစ္စအတွက်
ဆွေးနွေးနေကြောင်း သိရသည်။

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook မှ Apple မှာ ဝတ်ဆင်နိုင်သော နည်းပညာရပ်အပေါ် စိတ်ဝင်စားနေပြီး Smart watch (စမတ်နာရီ) ကို ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချနိုင်ရန် သုတေသနပြုနေကြောင်း ပြောဆိုထားသည်။

Internet Journal