ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးနဲ့ ကုမယ်

ပို့စ်တင်ချိန် - 2/14/2014 05:28:00 PM


ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာသွားပါလိမ့်မယ်။
လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။ ဒါက အိန္ဒိယမှ ကုထုံး
တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က နေ ကို ကိုယ်စားပြုပြီး
ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။ ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ
ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။

ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ်ကြာတဲ့အချိန်အတွင်းမှာပဲ
သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။အကယ်လို့  ပင်ပန်းနေတယ်လို့ 
ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။

ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ။ မကြာခင်မှာပဲ ပင်ပန်းတာ
ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။ညာဘက်နှာခေါင်းပေါက်ဟာ အပူကို ဖြစ်ပေါ်စေတဲ့
အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။

အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။
အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင်
ပါတယ်။

သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။
ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ဘယ်ဘက်ပိုင်းကို
လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။

အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။ အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ
ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။

Credit To: Medical Facts
MOI Webportal Myanmar