ရေနစ်သူကိုကယ်ဖို့ ကိုယ်တိုင်ရေကူးတတ်ဖို့လိုတယ်

ပို့စ်တင်ချိန် - 2/14/2014 10:01:00 AM


13-12-2014

ဇန်န၀ါရီလ ၃၁ ရက်နေ့က ပြည်သူ့ဥယျာဉ်တွင်ပြုလုပ်ခဲ့သော ပရဟိတအဖွဲ့အစည်းများညီညွတ် ရေးဈေးရောင်းပွဲတော်၏အလှူငွေ စာရင်းရှင်းတမ်းနှင့် ရှေ့လုပ်ငန်း စဉ်များဆွေးနွေးပွဲကိုဖေဖော်ဝါရီ လ ၈ ရက်နေ့တွင်ရွှေရသာစား သောက်ဆိုင်ခန်းမ၌ကျင်းပပြုလုပ် ခဲ့ရာ ပရဟိတအဖွဲ့များတက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ယင်းအခမ်းအနားတွင်အလှူ ငွေစာရင်းနှင့် ရှေ့ဆက်လုပ်ဆောင် သွားမည့်ပရဟိတလုပ်ငန်းများကို မအိနြေ္ဒ မေနွယ်ကရှင်းလင်းတင်ပြ ရာ၊ပြီးခဲ့သည့်ညီညွတ်ရေးဈေးရောင်း ပွဲသည်ရန်ပုံငွေရှာဖွေပွဲမဟုတ်သည့် အတွက်၊ ရန်ပုံငွေကိုဘာတွေလုပ် မည်ဆိုသည့်ပြင်ဆင်ချက်သိပ်မရှိ ကြောင်း၊အဖွဲ့အစည်းများအတွက် နက်ဝပ်တစ်ခုချိတ်ဆက်မိပြီးအဖွဲ့ အစည်းအားလုံးညီညွတ်ရေးအတွက် လုပ်ခြင်းသာဖြစ်ကြောင်းပြော ကြားသည်။

“အခုအလှူရှင်တွေရဲ့သဒ်္ဓါ တရားကြောင့် အလှူငွေ ၅၇ သိန်း ကျော်ရရှိပါတယ်၊ ဒီအလှူငွေ အကုန်လုံးကိုဒီကအဖွဲ့တွေနဲ့ဆက် လက်တိုင်ပင်ပြီးလှူဒါန်းသွားမှာဖြစ် ပါတယ်၊ ကျွန်မတို့အဓိကလုပ်ဆောင် နေတဲ့ကောင်စယ်လင်း စိတ်ခွန် အားဖြည့်အစီအစဉ်တွေမှာဒီငွေ တွေကိုအသုံးချသွားမှာပါ။ ရုပ်ပိုင်း ဆိုင်ရာရုပ်ဝတ္ထုတွေတော့ကျွန်မ တို့အများကြီးမပေးနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုသာအားပေး နှစ်သိမ့်တဲ့အစီအစဉ်တွေနဲ့ဒုက်္ခ သည်စခန်းတွေ၊မိဘမဲ့ကလေးတွေ စသဖြင့်ကူညီပါတယ်”ဟုမအိနြေ္ဒ မေနွယ်ကဆိုသည်။

မင်္ဂလာဗျူဟာအဖွဲ့မှတာဝန် ရှိသူတစ်ဦးကလည်းအမြန်အကောင် အထည်ဖော်ရမည့်ပရဟိတလုပ်ငန်း များဆွေးနွေးရာတွင် “ပရဟိတ စိတ်ဓာတ်ရှိတဲ့လူငယ်တွေအလုပ် ရှိကြဖို့ကူညီရမယ်၊ အဆင့်မြင့်စီမံ ခန့်ခွဲမှုသင်တန်းတွေအခမဲ့ပေးရ မယ်၊ ဒီသင်တန်းဆင်းပြီဆိုရင်လခ ကလည်းတိုးမြင့်သွားတာကြောင့် လူငယ်တွေဘ၀ရပ်တည်ရေးဖူလုံ လာမယ်၊ ရေနစ်သူကိုကယ်ဖို့ ကိုယ်တိုင်လည်းရေကူးတတ်ဖို့လို ပါတယ်၊ ဘွဲ့ရပြီးအလုပ်မရတဲ့ဘ၀ တွေလွတ်အောင်ကျွတ်အောင်လုပ် ပေးရမယ်၊ ပရဟိတစိတ်ဓာတ် သန့်သန့်လေးနဲ့ဒီလူငယ်တွေကို ကျွန်တော်တို့ထမ်းတင်ရအောင် ဆန်္ဒပြုပါတယ်”ဟုပြောကြား သည်။

၎င်းပရဟိတအဖွဲ့များမှာအခမဲ့ မူကြိုကျောင်းများဖွင့်လှစ်ထား သည့်ပုည၀တ်္တုနအသင်း၊ သက်ကြီး ရွယ်အိုများကိုကူညီစောင့်ရှောက် နေသည့်ဆည်းဆာရိပ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးသော လှိုင်သာယာလူငယ်များကွန်ရက် တို့အပါအ၀င် ၇၉ ဖွဲ့ချိတ်ဆက်၍ ပရဟိတကွန်ရက်တစ်ခုတည်ဆောက် ပြီး ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရသည်။

ဇော်မြင့်
 (The Hot News Weekly)