ကင်ဆာ ဆဲလ်များကို မြင်နိင်တဲ့ စမတ် မျက်မှန် တီထွင်

ပို့စ်တင်ချိန် - 2/14/2014 07:23:00 PM


အရင်လမ်းစဉ်တွေအတိုင်းပဲ ကင်ဆာဆဲလ်တွေကို ဖယ်ထုတ်တဲ့ ခွဲစိတ်မူတွေလိုထင်ရင်တော့ မှားသွားပါလိမ့်မယ်။
ဆရာဝန်တွေဟာ ကင်ဆာဆဲလ်တွေကို အရင်ခွဲစိတ်တုန်းက ဆိုရင် အကုန်လုံးပါအောင် မဖြတ်တောက်နိင်ခဲ့ပါဘူး
ဒါဟာ အသက်အန္တရယ်ရှိပါတယ်။ မကုန်လုံးပါအောင် မဖယ်ရှားနိင်ခဲ့ရင် ဒီလိုပဲ အမြစ်ပြန်တွယ်ကာ ထပ်ကာထပ်ကာ ဖြတ်တောက်ရနဲ့ နောက်ဆုံးမှာ
အသက်ရှင်ဖို့ မသေချာနိင်ပါဘူး။
ယခု ဒီလို အခက်အခဲတွေ နဲ့ အသက်အန္တာရယ် ခြိမ်းခြောက်မူတွေက အမြစ်ပြတ်ရှင်လင်းပေးနိင်မဲ့ စမတ် မျက်မှန်လေး လာပါပြီ။

အမေရိကန်၊နိင်ငံ ၀ါရှင်တန်တက္ကသိုလ်မှာ ရှိတဲ့လူငယ်လေးတွေက တီထွင်ခဲ့တာ ဖြစ်ပြီး ခွဲစိတ်မူတွေပြုလုပ်တဲ့အချိန်မှာ ကင်ဆာလ်ဆဲလ်တွေကို အပြည့်အစုံ
အားလုံးကို မြင်ရအောင် ကူညီပေးနိင်ပါတယ်။ ကင်ဆာလ်ဆဲလ် ကြီးထွားနိင်တဲ့ နေရာတွေကို အပြာရောင်တွေနဲ့ဖော်ပြပေးမှာ ဖြစ်ပြီး သူကို ၀တ်ဆင်ထာရုံနဲ့ တွေ့နိင်မှာ ဖြစ်ပါတယ်။

အဲဒီအတွက် ခွဲစိတ်မူတွေဟာ အောင်မြင်နိင်ပြီး အခြားကောင်းမွန်တဲ့ အစိတ်အပိုင်းတွေနဲ့ ရောဂါရှိတဲ့နေရာတွေကို ရှင်းလင်းစွာ ခွဲခြားစိတ်ဖြာနိင်ပါတယ်။ ခွဲစိတ်မူတွေအာလုံးကို လိုက်ပါဆောင်ရွက်ပေးနိင်မှာဖြစ်ပြီး အောင်မြင်ဖို့ကိုလည်းတီထွင်သူတွေကမျှော်လင့်နေကြပါတယ်။

အဆိုပါ စမတ်မျက်မှန်ကို ၀ါရှင်တန်မှာ ရှိတဲ့ ဒေါက်တာတွေက ဖေဖော်ဝါရီ ၁၀ ရက်နေ့က တကယ် ခွဲစိတ်မူတစ်ခုမှာ ပတမဦးဆုံး အသုံးပြုခဲ့ကြပါတယ်။
သို့ပေမဲ့ ထွက်လာတဲ့ရလဒ်က ထပ်ပြီး စမ်းသပ်ဖို့ လိုသေးကာ ဆက်လက် ဖွံ့ဖြိုးစေဖို့ လိုသေးကြောင်း သိခဲ့ရပါတယ်။
မကြာမီ ကျတော်တို့ ရောဂါတွေကို တွန်းလှန်ဖို့ လက်နက်တစ်ခုအဖြစ် ရရှိလာနိင်တော့မှာပါ။ တကယ်လို့ ထိုကိရိယာဟာ အသုံးပြုလို့ရရှိပြီး ဖြစ်ပါက ယခုလောလော ဆယ် ယူကေမှာ အသုံးပြုနေတဲ့ စမတ်ခွဲစိတ်ဓားနဲ့ တွဲဖက်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ထို့သို့ နည်းပညာမြင့် စမတ်ပစ္စည်းတွေ တစ်ဆင့်တစ်ဆင့် တိုးတက်ဖွံ့ဖြိုးလာသည့်နဲ့ အမျှ ကျန်းမာရေးကဏ္ဍမှာ ယခုလို အထောက်အပံ့ပြုပြီး
လူသားတို့ ကျန်းမာအသက်ရှည်စွာ ဖြင့် ဘ၀ကို အဓိပ္ပာယ်ရှိရှိ
ဖြတ်သန်းနိင်ကြတော့ မှာ ဧကန်ပါပဲ။

Aung Heine
Smart Pro Journal