သိန်းပေါင်းသိန်းချီဆုံးရှုံးမည်ခန့်မှန်းသည့်တောင်ငူဗဟိုမြို့မဈေးကြီး မီးလောင်မှု

ပို့စ်တင်ချိန် - 2/14/2014 10:31:00 AM



တောင်ငူ-ဖေဖော်ဝါရီ၁၃

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိဗဟိုမြို့မဈေးကြီးမီးလောင်ကျွမ်းခြင်း၌
သိန်းပေါင်းသိန်းချီဆုံးရှုံးမူရှိမည်ဟု အဆိုပါဈေးမီးတွင်
ဆိုင်ခန်းဆုံးရှုံးရသူတစ်ဦးကခန့်မှန်းပြောဆိုပါသည်။

`ညနေ၆နာရီကလောင်တဲ့မီးက ည၈နာရီမှမီးညွှန့်ကျိုးတော့ရစရာမရှိအောင်
ဆုံးရှုံးရတယ်ခရိုင်မြို့တစ်မြို့အနေနဲ့မီးသတ် ကားမလုံလောက်လို့
အဲ့ဒီလောက်မီးကြီးရတာ သိန်းပေါင်းသိန်းချီဆုံးရှုံးမူရှိမယ်`ဟု၎င်းက
ဆိုသည်။ယနေ့ညနေ၆နာရီမှာစတင်လောင်ကျွမ်းသော အဆိုပါမီးသင့်မူအတွက်တစ်မြို့လုံး ယူကြုံးမရရှိကြရကြောင်းကိုတောင်ငူ
မြို့သားအနုပညာရှင်တစ်ဦးကလည်း`၁၉၇၉
တုန်းကတစ်ခါအခုကဒုတိယအကြိမ်ပါ။

တောင်ငူမြို့ရဲ့အသည်းနှလုံးလိုဖြစ်တဲ့ ဗဟိုမြို့မဈေးကြီးမီးလောင်ဆုံးရှုံးတယ်
ကြားတော့တစ်အားစိတ်ထိခိုက်ပါတယ်`ဟု ပေါ်ပြူလာသို့ဖြေကြားပါသည်။

အခုည၁၀နာရီခွဲခါနီးအထိ မီးသတ်ကားတွေက ဥဒဟိုသွားနေတုန်းပဲ
မီးညွှန်ကျိုးတာကတော့ ၈နာရီကျော်ကျော်လောက်ကတည်းကဆို
တော့မြို့ထဲလူနေအိမ်တွေဘက်မကူးတော့တာပဲကံကောင်း။

စလောင်ချိန်ကဈေးပိတ် ပြီးပေမယ့်အထဲမှာသိမ်းဆည်းနေတဲ့ဈေး
သည်တစ်ချို့ကျန်နေရှိနေသေးတာ။

စလောင်လောင်ချင်းနာရီဝက်လောက်အတွင်းမီးကို နိုင်သင့်ပါရဲ့နဲ့
မငြိမ်းနိုင်တာကိုလူတွေဖြေမဆည်နိုင်ကြဘူးဖြစ်ကြတာ။

ဝါယာ ရှော့လို့တော့ပြောမှာပဲ။အဓိကကတော့ ဈေးရဲ့အင်္ဂါ ရပ်နဲ့အညီမီးဘေးကြိုတင် ကာကွယ်မူစည်းစနစ်မရှိလို့ဆုံးရှုံးမူကြီး
ရတာ`ဟုရပ်မိရပ်ဖတစ်ဦးကဆိုပါသည်။

Popular Myanmar News Journal

Photo From DVB News