စက်ရုံကြို/ပို့ယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိခဲ့သဖြင့် (၂)ဦးသေ (၁၉)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 2/14/2014 10:42:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၁၃.၂.၂၀၁၃ရက်နေ့ ၂၁၀၀ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်းနှင့် ရွှေလီလမ်းဆုံအနီးတွင် ရတနာလမ်းအတိုင်း ရှမ်းလေး(ခ)အငယ်လေး(စုံစမ်းဆဲ)မောင်းနှင်လာသော ည/---- BM အထည်ချုပ်စက် ရုံကြို/ပို့ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ အမည်မသိ အမျိုးသားမောင်းနှင်လာသော KENBO 125 ဆိုင်ကယ်တို့ တိုက်မိခဲ့ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြပါသည်။

အဆိုပါယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ အထည်ချုပ် အလုပ်သမ(၁၈)ဦးနှင့် ဆိုင်ကယ်စီးနင်းလာကြသည့် အမျိုးသား(၃)ဦးတို့
မှာ ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရ
ပါသည်။

ဒဏ်ရာရသူများအနက် ယာဉ်ပေါ်ပါ မနီနီဝင်းနှင့် ဆိုင်ကယ်မောင်းနှင်သူ အမည်မသိအမျိုးသားတို့(၂)ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ် အလုပ်သမ (၁၇)ဦးမှာ ပြင်ပလူနာများအဖြစ်လည်းကောင်း၊ ဆိုင်ကယ်နောက်တွင်လိုက်ပါစီးနင်းခဲ့ကြသည့် အမျိုးသား(၂)ဦးမှာ အတွင်းလူနာအဖြစ်လည်းကောင်း ကုသလျက်ရှိပါသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း
ယာဉ်(ပ) ၅/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်လှစ်ကာ အခင်းဖြစ်စဉ်ကထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ်မောင်း ရှမ်းလေးအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police