ငါးဖြင့် မောင်းသော ကား

ပို့စ်တင်ချိန် - 2/14/2014 05:24:00 PM




အထူးအဆန်း တီထွင်မှု တစ်ခုပါဘဲ။ ငါးနဲ့မောင်းတယ် ဆိုတာကို ရှင်ပြပါ့မယ်။ ကားကတော့ ကလေးဆော့ ကစားစရာ အရုပ်လေး ပါပဲ။ ၎င်းကား၏ အပေါ်မှာ ကားမွေးကန် အသေးလေး တစ်ခု ထားရှိထားပါတယ်။ အဲဒီဇလား ထဲမှာ ငါးတစ်ကောင်ကို ထည့်ထားပါတယ်။

၎င်းငါးဟာ သူအလိုရှိတဲ့ နေရာကို ရေထဲမှာ ကူးနေပေမယ့် ကားကလည်း လိုက် ပြီး သွားနေမှာပါ။ ငါး၏ သွားလာလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ကာ တီထွင်ထားတယ်လို့ ဆိုရမှာပေါ့။ ငါးကို အလှမွေးသူတွေဟာ မိမိ၏ ငါးကို အလိုရှိရာ သွားလာလို့ ရနိုင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ငါးဖြင့်မောင်းသော ကားကို ကြည့်ချင်တယ် ဆိုပါက http://goo.gl/pXDRgY ထိုလင့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

http://goo.gl/CSgnF5 

ကျော်လင်းနိုင် (www.smart.com.mm)
Smart Pro Journal