စိန်ဗလက်တိုင်း (သို့) ချစ်သူများနေ့

ပို့စ်တင်ချိန် - 2/14/2014 09:38:00 AM



စိန်ဗလက်တိုင်းသည် ချစ်ခြင်းမေတ္တာ၊ လက်ထပ် ထိမ်း မြား ခြင်း၊ စေ့စပ်ကြောင်းလှမ်းခြင်း၊ နှုတ် ဆက်ခြင်း၊ လူငယ်များ၊ ခရီး သွားများ၊ပျားမွေးမြူ သူများနှင့် ဦးနှောက်ထိခိုက်၍ ဝေဒနာ ခံစားနေ ရသူများအား ကာ ကွယ်စောင့်ရှောက် ပေးနေသည့် ရဟန္တာ တစ်ပါးပင် ဖြစ်ပါသည်။ အထူးသဖြင့် သူ့အား ချစ်သူများအား ကာကွယ်စောင့်ရှောက်သူ အဖြစ် လူသိများပြီး သူ၏ပွဲနေ့အား ဗလက် တိုင်းနေ့ (ချစ်သူများနေ့)ဟုပင် သတ်မှတ် ကျင်းပလာကြသည့်ဓလေ့မှာ နှစ်ပေါင်း ၆၀၀ ခန့်ရှိနေပါပြီ။

ဗလက်တိုင်းသည် ကက်သလစ် ရဟန်းတစ်ပါးဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်ပါသည်။ တတိယရာစု အတွင်း အီတလီတွင်နေထိုင် အသက်ရှင်ခဲ့ပြီး ရောမမြို့တွင် ရဟန်းတစ်ပါးအဖြစ် အစေခံ ခဲ့လေသည်။ သူ၏ ငယ်စဉ် ဘ၀ကို သမိုင်းပညာရှင်တို့မသိကြပေ။ ကက်သလစ်ရဟန်းတစ်ပါးအဖြစ် အစေခံနေသည့် အချိန်မှ စ၍ သူ့အကြောင်းအား သိခဲ့ရသည်။ ထိုအချိန်က ရောမမြို့အား အင်ပါယာမင်း ကလောဒီရုစ် (၂)အုပ်ချုပ်နေ ပြီး သူ၏တပ်မတော်အတွက် လူငယ်များစွာကို စစ်သားအဖြစ်လိုအပ်နေသည့် အချိန်ဖြစ်သည်။ ထိုကြောင့် လက်ထပ်ထိမ်းမြားခြင်းသည် စစ်သားအင်အား စုစောင်းရန် အတားအစီး တစ်ခုဟု ယူဆ၍ လက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုပေ။ ရှိနှင့်ပြီးဖြစ်သော စစ်သားများကိုပင် လက်ထပ်ခွင့် ပြုရန် ခေါင်းမာသည်။ ထိုကြောင့် လူငယ်များစွာအား အချစ်ရေးထက် စစ်ဘက်၌ အာရုံစိုက်စေဖို့ ခရစ်ယာန် ဘုန်းတော်ကြီးများအား လက်ထပ်ခြင်း စက္ကရမင်တူးမပေးရန် တားမြစ် ခဲ့လေသည်။

ထိုအချိန်မှာပင် ချစ်သူစုံတွဲများ ပေါင်းဖက်နိုင်ဖို့အရေးကို စွမ်းဆောင်ပေးသူမှာ ဗလက်တိုင်းဟုခေါ်သော ဘုန်းတော်ကြီးပင်ဖြစ်ပါသည်။ ချစ်ကြိုက်နေကြသော စုံတွဲများအား လက်ထပ်ပေးရင်း ဗလက်တိုင်းဟာ လက်ထပ်ပေးသည့် ဘုန်းတော်ကြီးအဖြစ် နာမည်ကြီးလာခဲ့သည်။ ထိုအကြောင်းကို ကြားသိရသော အင်ပါယာ မင်းသည်လည်း အမျက်ဒေါသထွက်၍ သူ့အားထာင်ဒဏ် အပြစ် ပေးပြီး ထောင်ချ ထားခဲ့လေ သည်။ သို့သော် ဗလက်တိုင်းသည် ထောင်ထဲ၌ ရှိနေသော်လည်း အပြင်၌လူငယ်များစွာအား လက် ထပ်ပေးနေ ဆဲဖြစ်ပေသည်။ ထောင်ထဲ၌လည်း ထောင်သားများနှင့် ရင်းနှီးကာ သြစတဲရီးရုစ်ဟု ခေါ်သော ထောင်သား က သူ၏ သမီးငယ်အတွက် အကူအညီတောင်းခံခဲ့လေသည်။ သူ၏သမီးငယ်မှာ ဂျူလီ ယာဖြစ်ပြီး မျက်စိအလင်း ကွယ်ပျောက်နေသူပင် ဖြစ်ပါသည်။ သူမသည် ထောင်ထဲသို့ဖခင်အား လာတွေ့ရာ မှ စိန်ဗလက်တိုင်းနှင့် ရင်းနှီးခွင့်ရခဲ့သည်။

အင်ပါယာမင်း ကလော့ဒီရုစ် (၂)လည်း ဗလက်တိုင်း၏အစွမ်းကို သဘောကျလာကာ သူ့၏ အမှား အတွက် ပင် တောင်းပန်ခဲ့လေသည်။ သို့သော်လည်း ခရစ်ယာန် ဘာသာကိုစွန့်၍ ရောမဘုရားများကို ကိုးကွယ် မှ သာလျှင် ထောင်မှ လွတ်လပ်ခွင့် ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။ ဗလက်တိုင်းသည် သူ၏ခရစ်တော် ၌ ယုံကြည်ခြင်းအား မစွန့်လွတ်နိုင်ကြောင်း၊ အင်ပါယာမင်းကိုလည်း ခရစ်တော်၌သာ ယုံကြည်သင့်ကြောင်း တရားဟောခဲ့လေသည်။ သို့သော်လည်း ရောမအင်ပါယာမင်းအတွက် ရောမဘုရားကို မကိုးကွယ်လျှင် အင်ပါယာပျက်မည့် အရေးကြောင့် လက်မခံခဲ့ပေ။ ဗလက်တိုင်းကိုလည်း ရောမဘုရားတို့၏ ပရော်ဖက် ဖြစ်စေချင်လွန်း၍ သိမ်းသွင်းရာမှ နောက်ဆုံး ခေါင်းဖြတ်ကွပ်မျက်ခဲ့ရသည်အထိ ဖြစ်ပျက်ခဲ့လေသည်။ အေဒီ၂၇၀၊ ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ တွင် ဗလက်တိုင်း ပျံလွန် တော်မူ ခဲ့လေတော့သည်။

ဗလက်တိုင်း မကွယ်လွန်ခင် ဂျူလီယာထံသို့ နောက်ဆုံးစာရေးခဲ့ပြီး ထိုစာ၏အောက်ခြေ၌ From your Valentine (သင့်ဗလက်တိုင်း) ဟု အဆုံးသပ်ခဲ့ရာမှ ခေတ်အဆက်ဆက် လူငယ်များစွာသည် သူတို့၏ချစ်သူများထံ စာပို့ရာ၌ From your valentine (သင့်ဗလက်တိုင်းထံမှ) ဟုသုံးနှုန်းလာခဲ့ကြသည်။ ထို့အပြင် ချစ်သူများနှင့်ပေါင်းဖက်နိုင်ဖို့အရေး လူငယ်များစွာသည် စိန်ဗလက်တိုင်းထံသို့ ဆုတောင်း လာခဲ့ကြသည်။ ဆုတောင်းများလည်း ပြည့်လာကြပြီး ယနေ့အချိန်တွင် ဗလက်တိုင်းနေ့အား ချစ်သူများနေ့အဖြစ်ပင် တကမ္ဘာလုံး၌ ကျင်းပလာခဲ့ကြလေသည်။

(Valentine ဟူသော အမည်မှာ ဗာလာ (Valar) ခွန်အားသတ္တိဟု အနက်အဓိပ္ပာယ်ရှိသည်။ ရာစုနှစ်ပေါင်း များစွာကတည်းက ချစ်သူများဟာ မိမိတို့အချစ်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စိန့်ဗယ်လင်တိုင်းထံ ခွန်အားကျေးဇူးကို တောင်းခံလေ့ရှိကြသည်။

မှ/ သင့်ဗလက်တိုင်း
Myanmar Forward