ပြည်တွင်းလေကြောင်းလိုင်းသစ် မန်းရတနာပုံ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် စတင်ပျံသန်းမည်

ပို့စ်တင်ချိန် - 2/14/2014 05:41:00 PM





[ ရဲလင်းထက် ၊ ရန်ကုန် ]

မြန်မာနိုင်ငံ၏ကိုးခုမြောက် ပြည်တွင်း လေကြောင်းလိုင်းဖြစ် သည့် မန်းရတနာပုံလေကြောင်း လိုင်းက ဖေဖော်ဝါရီ နောက်ဆုံး ပတ်မှစတင်ကာ ပြည်တွင်းပုံမှန် ခရီးစဉ်များကို မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်ကို ဗဟိုပြု ကာ ဝန်ဆောင်မှုများပေးသွား မည်ဖြစ်ကြောင်းသိရသည်။

မန်းရတနာပုံလေကြောင်း လိုင်း၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာလင်းမြတ်ထွန်း က ''ပြည်တွင်းလေကြောင်းလိုင်း တွေက ဝန်ဆောင်မှုတွေပေးကြ တဲ့အခါ မလွဲမသွေယှဉ်ပြိုင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ယှဉ်ပြိုင်မှုတွေဟာ ကောင်းမွန်ပြီး ခင်မင်ရင်းနှီးမှုကို အခြေခံတဲ့ ယှဉ် ပြိုင်မှုဖြစ်မယ်ဆိုရင် အားလုံးအ တွက်အကျိုးရှိတဲ့ Win Win Situation ဖြစ်လာမှာပါ''ဟု ပြောသည်။

ပြည်တွင်းခရီးစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်မှစတင်ပြီး ART 72-600 လေယာဉ်သစ်များ ဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မြစ်ကြီးနားမြို့များသို့ ပျံသန်းမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါလေကြောင်းလိုင်း ၏အမှုဆောင်အရာရှိချုပ် ဦးကျော် မျိုးက ''ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် ငွေကြေး သုံးစွဲနိုင်မှုနဲ့ ခရီးသည်ဈေးကွက် များလာပါတယ်။ ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ပြည် တွင်းခရီးစဉ်တွေ အခြေခိုင်အောင် လုပ်ပြီးသွားရင် လုပ်ငန်းစတင်ပြီး သုံးနှစ်လောက်မှာ ပြည်ပခရီးစဉ် တွေပါ တိုးချဲ့သွားဖို့ရှိပါတယ်''ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။
Yangon Media Group