Facebook ခွင့်ပြုပြီးဖြစ်တဲ့ သင့် ပရိုဖိုင်ထဲက ကျား/မ

ပို့စ်တင်ချိန် - 2/14/2014 05:17:00 PM


ကျတော်တို့ သုံးနေတဲ့ ဖေ့ဘုတ်ဟာ သိပ်ကိုလိမ္မာပါးနပ်ပါတယ်။ သတိထားမိလားမသိဘူး။ ကျတော်တို့ ဖေ့ဘုတ်အကောင့်တစ်ခု စတင်ဖွင့်မယ်ဆိုရင် ကိုယ်ထည့်ချင်တဲ့ နာမည်သွားထည့်လို့ မရပါဘူး။ ကိုယ်နာမည် အရင်းကိုသာလျှင် ဖေ့ဘုတ်ကထည့်ခိုင်းလေ့ရှိပါတယ်။ ပြီးမှ ပြန်ပြောင်းခြင်းပြောင်းခိုင်းပါတယ်။ ဒါတောင်အချိန်ကြာမှရတာမျိုးဖြစ်ပါတယ်။ လောလောဆယ်

ဖေ့ဘုတ်အကောင့်တစ်ခုဖွင့်ရင် ဖေ့ဘုတ်ကချပေးတာ ကျတော်တို့သုံးနေတဲ့ ဖေ့ဘုတ်ပေ့ခ်ျမျိုးနဲ့ မတူပါဘူး။ သူက ပုံမှန်ရိုးရိုးဖေ့ဘုတ်သုံးတာကြာနေသူတစ်ယောက် အခုမှ အသစ်ဖွင့်ထားတဲ့ ဖေ့ဘုတ်မျက်နှာစာတစ်ခုကို သွားသုံးကြည့်မိရင် ရုတ်တရက်မကြည့်တတ်ပါဘူး။ တစ်မျိုးကြီး ဖြစ်နေတတ်ပါတယ်။ အခုဖော်ပြမဲ့သတင်းက ဖေ့ဘုတ်အသုံးပြုသူရဲ့ လိင်အမျိုးအစားကို ကိုယ်ပရိုဖိုင်ပေ့ခ်ျမှာ စိတ်ကြိုက် သတ်မှတ်လိုရပြီး ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ထို့သတင်းက ကျတော်တို့လို ဗုဒ္ဓဘာသာနိင်ငံတွေနဲ့ လိင်တူလက်ထပ်တဲ့ အခွင့်အရေးကို ဆန့်ကျင်တဲ့ နိင်ငံတွေမှတော့ သိပ်ကြီး အရေးပါမှာ မဟုတ်ပါဘူး။

သို့ပေမဲ့ အခြား လိင်တူ မင်္ဂလာဆောင်ခွင့်ရှိတဲ့ နိင်ငံတွေမှာ ဆိုရင်တော့ အရေးပါ,ပါလိမ့်မယ်။ အကြောင်းကတော့ ကိုယ်သတ်မှတ်ခြင်းတဲ့ လိင်အမျိုးအစားကို သတ်မှတ်နိင်ရုံသာမက ဘယ်သူတွေကို ဒီသတ်မှတ်ထားတဲ့ အမျိုးအစားကို တွေ့စေနိင်ခြင်းမျိုးကိုပါ ဆောင်ရွက်နိင်လိုပဲ ဖြစ်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် အခြောက်တွေ၊ ဒွိလိင် တွေအတွက် ဖေ့ဘုတ်က သူတို့ရဲကဆန္ဒတွေကို တံခါးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဒီနှစ်ခွ ဖော်ပြမူတွေရဲ့နောက်မှာ မိသားစုဖော်ပြမူ Relationship တွေကိုဖော်ပြနိင်ပါလိမ့်မယ်။ ယနေ့မှာ စတင်ခွင့်ပြုတာဖြစ်လို့ ယင်း feature တွေကို ပြောင်းလဲထည့်သွင်းမူ update အတွက် အချိန်ယူမူတွေရှိနေနိင်ပါတယ်။ အခုထိတော့ ကျတော်ဖေ့ဘုတ်မှာ ယင်း feature ကိုမတွေ့ရှိရသေးပါဘူး။ ref: engadget

Aung Heine ( www.smart.com.mm )