ဗယ်လင်တိုင်းနေ့အကြို အဖက်ပြိုင်ပွဲ

ပို့စ်တင်ချိန် - 2/14/2014 05:29:00 PM



Friday, February 14, 2014

ဗယ်လင်တိုင်းနေ့ကို ကြိုဆိုသောအားဖြင့် ပွေ့ဖက်ပြိုင်ပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ပတ္တရားမြို့တွင်ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကကျင်းပခဲ့ရာ ထိုင်းစုံတွဲများအပြင် နိုင်ငံတကာမှ စုံတွဲများလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်စုံတွဲ ၃၁ တွဲက အချိန်အကြာဆုံးဖက်ထားနိုင်သည့် စုံတွဲ
အဖြစ်ဂင်းနစ်စံချိန်မှတ်တမ်းဝင်ရန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည်။

ထိုပြိုင်ပွဲတွင် အနိုင်ရသည့် စုံတွဲမှာဆုကြေးငွေ ဒေါ်လာ ၉,၄၀၀ ရရှိမည့်အပြင် စိန်လက်စွပ်တစ်ကွင်းလည်း ရရှိမည် ဖြစ်သည်။

ဓါတ်ပုံ အေအက်ဖ်ပီ
Myawady News