ဗဟိုသန်းခေါင်စာရင်းကော်မတီမှ တိုင်းရင်းသားပြည်သူအပေါင်းတို့အား အသိပေး တင်ပြခြင်း

ပို့စ်တင်ချိန် - 3/06/2014 11:07:00 AM



၁။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းအားမတ်လ ၃၀ ရက်နေ့တွင် စတင်တော့မည်ဖြစ်ပါသည်။

၂။ ဤလုပ်ငန်းစဉ်အတွက် တိုင်းရင်းသား ပြည်သူအပေါင်းတို့အား တာဝန်ရှိ လူပုဂ္ဂိုလ်/အဖွဲ့ အစည်းများစွာမှ နိုင်ငံတစ်ဝန်း ဒေသအနှံ့ လှည့်လည် သွားရောက်၍ မြေပြင်ကွင်းဆင်းရှင်းလင်းခြင်းများအားလည်းကောင်း၊ သတင်းစာ၊ ဂျာနယ်၊ လေလှိုင်း၊ ရုပ်သံ၊ မေး၊ ဖြေကဏ္ဍအပါအဝင် လူထု ဆက်သွယ်ရေး မီဒီယာ နည်းလမ်းမျိုးစုံမှ လည်းကောင်း တွေ့ဆုံ ရှင်းလင်းမှုများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

၃။ ယခုအခါ သန်းခေါင်စာရင်းလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ နိုင်ငံတော်မှ တာဝန်ပေး အပ် ထားခြင်း မရှိသော၊ နိုင်ငံတော်မှ အခြေအနေ အရပ်ရပ်နှင့်ကိုက်ညီသည့် ကျွမ်းကျင် သင်တန်းများပေးအပ် ထားခြင်းမရှိသော ပြည်ပမှ လူပုဂ္ဂိုလ်အချို့သည် ပြည်တွင်းရှိ အဖွဲ့အစည်း အချို့အား ခေါ်ယူတွေ့ဆုံရှင်းလင်းပြောကြား နေမှုများသည် ပြည့်စုံမှုမရှိခြင်း၊ ဘာသာရပ်ကျွမ်းကျင်မှုမရှိခြင်း၊ ဖော်ပြယူဆချက်များ လွဲမှားနေခြင်း၊ နားလည်မှု လွဲမှားရှုပ်ထွေး သွားခြင်းစသည် များဖြစ်ပေါ်လာနိုင်ပါသဖြင့် သန်းခေါင်စာရင်းအကြောင်း ထပ်မံသိရှိမေးမြန်း လိုသည်များ၊ မရှင်းလင်း သည်များရှိပါက နီးစပ်ရာ တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးများ တွင်လည်းကောင်း၊ အောက်ဖော်ပြပါ နေရာများသို့ လည်းကောင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်းနှင့် နေ့/ညအချိန်အခါမရွေး ရှင်းလင်း တင်ပြရန် အစဉ် အသင့်ရှိနေပါကြောင်း တိုင်းရင်းသား ပြည်သူ ညီအစ်ကိုမောင်နှမ အပေါင်းတို့အား လေးစားစွာ အသိပေး တင်ပြ အပ်ပါသည် -

ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အင်အားဦးစီးဌာန-

၀၆၇-၄၃၁၀၆၂ ညွှန်ကြားရေးမှူးများ၊ ပြည်သူ့အင်အား ဦးစီးဌာန-

၀၆၇-၄၃၁၀၆၇၊၄၃၁၃၃၉

Website.www.dop.gov.mm

Facebook: 2014 Myanmar Population and Housing Census

ဗဟိုသန်းခေါင်စာရင်းကော်မတီ