Girl’s Generation Taeyeon နဲ့ Katy Perry တို့ရဲ့ ပူးပေါင်းတင်ဆက်မှု အကြောင်း

ပို့စ်တင်ချိန် - 3/06/2014 12:50:00 PM


ထက်ဆု on 2014-03-06 10:30    
ဒီတစ်ပါတ်မှာ အတော်လေးရေပန်းစားသွားတဲ့ သတင်းကတော့ အမေရိကန် နာမည်ကြီး ပေါ့ပ်အဆိုကျော် Katy Perry တစ်ယောက် Girl’s Generation အဖွဲ့ဝင် ကိုးယောက်လုံးနဲ့ ဓါတ်ပုံ တွဲရိုက်ထားတဲ့ သတင်းလည်း အပါအ၀င်ပေါ့။

          အလှပဂေး အဆိုတော် ဆယ်ယောက် (Katy Perry အပါ) ရဲ့ပုံဟာ အင်တာနက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ Fans တွေအနေနဲ့ကလည်း သူတို့တဖွဲ့နဲ့ တစ်ယောက် ပူးပေါင်းဖို့ အစီအစဉ်များ အနာဂတ်မှာ ရှိလာဦးမလားလို့ အတော်လေး စိတ်ဝင်တစား မျှော်လင့်နေကြပါတယ်။

          Katy Perry ဆိုတာ အမေရိကန်အဆိုတော် တစ်ယောက်ဖြစ်ပြီး သူမရဲ့ အသံ ၊ အရောင်အသွေး စုံတဲ့ ဖက်ရှင်တွေနဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် ကမ္ဘာနဲ့အ၀ှမ်း အောင်မြင်မှု အထွဋ်အထိပ် ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း Girl’s Generation အဖွဲ့ဆိုတာ တောင်ကိုရီးယားရဲ့ နာမည် အကြီးဆုံး အဆိုရှင်အဖွဲ့တွေထဲ တစ်ဖွဲ့အပါအ၀င်ဖြစ်တာကြောင့် သူတို့ရဲ့ နာမည်ကျော်ကြားမှုကလည်း သေးတော့မသေးလှပါဘူး။

          ဒီတော့ အနာဂတ်မှာ Taeyeon နဲ့ Katy Perry တို့ အတူပူးပေါင်းပြီး အနုပညာတင်ဆက်မှုတွေ လုပ်လာနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်သလို လုပ်ဖြစ်ဖို့လည်း ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Ref:kpopstarz.com
Trend Myanmar