ခရီးသွားစဉ် ကလေးမီးဖွားသည့်ခရီးသည်မိသားစုအား အမြန်လမ်းရဲတပ်ဖွဲ့မှကူညီပေး

ပို့စ်တင်ချိန် - 3/06/2014 10:22:00 PM


နေပြည်တော်၊ မတ် ၆

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂/၀)တွင် ၈ဈ/xxxx“ရွှေမြို့တော်”ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦး ကလေးမီးဖွားကြောင်းသတင်းအရ လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးနိုင်ရန် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ညောင်ဦးမြို့နယ်၊ သစ်ထောင့်ကျွန်းကျေးရွာနေ ခရီးသည် မထက်ထက်လှိုင်(၁၈)နှစ်မှာ ၎င်း၏ခင်ပွန်းဖြစ်သူ သိန်းဇော်ထွန်းနှင့်အတူ ရန်ကုန်မှညောင်ဦးသို့ပြန်လာစဉ် ယာဉ်ပေါ်၌ သားယောက်ျားလေး မွေးဖွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့မိသားစုအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းသို့ခေါ်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများက လိုအပ်သောအကူအညီများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်