စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅၀၀ ပြား ဖမ်းမိ

ပို့စ်တင်ချိန် - 3/06/2014 09:34:00 AM


နေပြည်တော်၊ မတ် ၅
၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရောက်ရှိနေသည့်အမှတ်(၂၂)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှတပ်ဖွဲ့ဝင်များထံသို့ နယ်မြေခံတပ်မှတပ်မတော်သားများရောက်ရှိလာပြီး ကွတ်ခိုင် မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မန့်ဝိန်းကျေးရွာနေ အိုက်နုတ်(၁၉)နှစ်အား 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၄၅၀ ပြား၊ အလေးချိန်(၂.၆၅၀၅)ကီလို၊ တန်ဘိုးငွေကျပ်(၅၈၉)သိန်းနှင့်အတူ လာရောက်အပ်နှံခဲ့သည်။ စစ်ဆေးချက်အရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီ ၅ မိနစ်အချိန် မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စု၊ မုန်းပေါ်ရွာနှင့် မန့်ဝိန်းရွာကြား၌ အိုက်နုတ်မောင်းနှင်လာသည့် ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာမှ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အိုက်နုတ်အား မူဆယ်မြို့မရဲစခန်း မယ(ပ)၂၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်