ကင်ဆာရောဂါရှင်တွေအတွက် မျှော်လင့်ချက်ဖြစ်လာမယ့်သတ္တု Implant

ပို့စ်တင်ချိန် - 3/06/2014 07:53:00 PM


မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ကင်ဆာရောဂါရှင်တွေအတွက်တော့ သတင်းကောင်းပါပဲ။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ခန္ဓာအတွင်းမှာ ထည့်သွင်းရမယ့် implant  တစ်မျိုးဟာ ကင်ဆာဆေးသွင်းကုသမှုရဲ့ ဆိုးကျိုးတွေကို လျှော့ချပေးနိုင်မယ်လို့ သိရှိရပါတယ်။
တွေ့ရှိမှုကတော့ မူလကုသမှုတွေကို ပိုမိုထိရောက်စေပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့မောပန်းခြင်း၊ ဆံပင်ကျွတ်ခြင်း နဲ့ မူးဝေခြင်းတွေကို လျော့ပါးသက်သာစေပါတယ်လို့ သိရှိရပါတယ်။ ကင်ဆာဆေးသွင်းကုသရင် အဆိုပါ ဆိုးကျိုးတွေကိုခံစားရပြီး သွေးတွင်း ကင်ဆာဆဲလ်တွေရော ကျန်းမာတဲ့ ဆဲလ်တွေကိုရောနှိမ်နင်းစေပါတယ်။
အင်္ဂလန်နိုင်ငံ၊ အီဒင်ဘာ့ဂ် ကင်ဆာ သုတေသနဌာနမှ Dr Asier Broceta က “ဒီသုတေသနဟာ မူလရှိပြီးသား ကင်ဆာကုသမှု တွေရဲ့ ဒဏ်ကိုရောဂါရှင်တွေပိုပြီး ခံ နိုင်ရည်ရှိစေဖို့ ရည်ရွယ်ထားပါတယ်။ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓာတုဖွဲ့ စည်းမှုတွေကြောင့် ကျန်းမာတဲ့ ကိုယ် ခန္ဓာယိုယွင်းမှုကို လျော့ပါးစေမယ့် palladium့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ implant့ကို တီထွင်ခဲ့တာဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
အဲဒီသတ္တု ကိရိယာငယ်ကို ကင်ဆာအကျိတ်မှာတပ်ဆင်မယ်ဆိုရင် အခြားအစိတ်အပိုင်းတွေကို ကင်ဆာဆေးက တိုက်ခိုက်မှုကို ကာကွယ် နိုင်ပြီး ကင်ဆာဆေးရဲ့ အာနိသင်ကို ကင်ဆာဆေးရဲ့ အာနိသင်က ကာကွယ်နိုင်ပြီး ကင်ဆာဆေးရဲ့ အာနိသင်က ကင်ဆာဆေးရဲ့ အပေါ်မှာပဲ သက်ရောက်စေမှာဖြစ်ပါတယ်။ ဒီသုတေသနကို အီဒင်ဘာဂ်ကင်ဆာ သုတေသနဌာနနဲ့အတူ MRC မျိုးဗီဇနဲ့ မော်လီကျူးဆိုင်ရာ ဆေးပညာသိပ္ပံ၊ အီဒင်ဘာဂ်တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသုတေသနကို Journal Nature Communications မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ငြိမ်းအေး
ref: IANS
Health Updates Journal