မြစ်သားမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ထင်း ၄.၇၅ တန် အခမဲ့ ဖြန့်ဝေ

ပို့စ်တင်ချိန် - 3/06/2014 07:20:00 PM


မြစ်သား၊ မတ် ၆

မြစ်သားမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သံယံဇာတ ရေရှည်တည်တံ့စေရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် လုပ်ငန်းစဉ်မှ ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းဖြင့် ဆောင်ရွက်ထားသည့် ဧက (၁၀၀) မှ ထွက်ရှိလာသည့် ထင်းများကို ဒေသခံပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခြင်းကို မောင်းကွေ့ကန် ကြိုးဝိုင်းအတွင်းရှိ သဘာဝတောကျန် ထိန်းသိမ်းရေး ပင်မစခန်းတွင် မတ်လ (၅) ရက် နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးလက်နေပြည်သူများအား ထင်းအခမဲ့ဖြန့်ဝေရာသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဦး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးအောင်၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးထက်၊ ကျီတိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဒေသခံပြည်သူ (၅၀) ဦး တက်ရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများအား ထင်း ၄.၇၅ တန်ကို အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar