ဘီလီလျံနာ Sir James Dyson တီထွင်လိုက်တဲ့ အသံတိတ် ဒလက်မဲ့ ပန်ကာ

ပို့စ်တင်ချိန် - 3/06/2014 07:25:00 PM


တီထွင်ဖန်တီးသူ ဘီလီလျံနာ Sir James Dyson ဟာ  ဒလက်မဲ့ ပန်ကာ တစ်မျိုး တီထွင်လိုက်ပါတယ်။

ခြင်တွေ တ၀ီဝီပြန်နေသလိုမျိုး ဆူညံသံတွေနဲ့ ဒလက်ပါ ပန်ကာပုံစံက ခွဲထွက်ပြီး အသံတိတ် ဒလက်မဲ့ ပန်ကာကို တီထွင်နိုင်ဖို့အတွက် အင်ဂျင်နီယာ ၆၅ယောက်နဲ့အတူ စတာလင်ပေါင် သန်း ၄၀ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

ဘီလီလျံနာ Sir James Dyson ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်များအဖွဲ့ဟာ ၂နှစ်ကြာအောင် ဖန်တီးခဲ့ရပြီး နောက်ဆုံးမှာတော့ အကန့်အတွင်းက လေဖိအားကို တိုးစေပြီး လည်တိုင်ကျဉ်းလေးကို ဖြတ်ပြီး နှုန်းတစ်ခုနဲ့ လေတွေတိုက်ခတ်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အသံလှိုင်းတွေကို တစ်ခုနဲ့တစ်ခု တန်ပြန်တိုက်ခတ်မှု ဖြစ်စေတဲ့အတွက် ဆူညံမှုပမာဏကို လျှော့ချပေးထားနိုင်တာပါ။

၁၈၅၀ခုနှစ်မှာ Hermann von Helmholtz ဆိုသူ တီထွင်ခဲ့တဲ့ Helmholtz cavity ကို အခြေခံထားကြောင်းနဲ့ အားကောင်းကောင်း လေစီးဆင်းမှုပါ အသံတိတ် ပန်ကာဖြစ်စေဖို့ Dyson အင်ဂျင်နီယာများဟာ ရည်မှန်းလုပ်ဆောင်ခဲ့ကြောင်း Sir James ကပြောပြခဲ့ပါတယ်။

Dyson Cool ပန်ကာသစ်တွေကို ဒီနေ့ကစပြီး စတာလင်ပေါင် ၂၂၀ ကနေ ၃၀၀ ကြား ဈေးနဲ့ ဖြန့်ချိပေးထားတယ်လို့ သိရပါတယ်။

Ref:mirror.co.uk
Trend Myanmar