အားကစားသမားများအနေဖြင့် အမြင်အာရုံ ထက်မြက်လာစေမည့် လေ့ကျင့်ခန်း

ပို့စ်တင်ချိန် - 3/06/2014 07:53:00 PM


လေ့လာမှုအသစ်တစ်ခုအရ အားကစားသမားများအနေဖြင့် ကွန်ပျူတာ၊ တက်ဘလက်များအား အသုံးပြု၍ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အမြင်အာရုံပိုမိုထက်မြက်လာစေကြောင်း သိရသည်။University of California။ မှ သိပံ္ပပညာရှင်များက ဘေ့စ်ဘောအားကစားသမားများအား စမ်းသပ်မှုတွင် ပါဝင်စေခဲ့ပြီး တစ်ရက်လျှင် ၂၅မိနစ်၊ တစ်ပတ်လျှင် လေးရက်နှုန်းနှင့် နှစ်လခန့်ကွန်ပျူတာဖြင့် ဦးနှောက်လေ့ကျင့်ခန်းဂိမ်းများအား ကစားစေခဲ့ သည်။ နှစ်လကြာလေ့ကျင့်မှုပြီးသည့် နောက်တွင် ပါဝင်သူများသည် အခြားသော ကစားသမားများထက် အမြင်အာရုံပိုမိုစူးရှလာပြီး ဘောလုံးကို ပိုမိုမြင်လာရုံသာမက မျက်စိရှေ့ တည့်တည့်ကြည့်နေသော်လည်း ဘေးဖက်သို့မြင်ရသည့်မြင်ကွင်း ပိုကျယ်လာကြောင်း သိရသည်။ လေ့လာသူများက ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ကျွန်တော်တို့အားကစားရုံများတွင် လေ့ကျင့်ခြင်းဖြင့် ကာယစွမ်းအားပိုမိုလာသကဲ့သို့ပင် ဦးနှောက်အား လေ့ကျင့်ခန်းပေးခြင်းဖြင့် စိတ် စွမ်းအား ပိုမိုကောင်းမွန်လာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal