အရှိန်လွန်ကာ ယာဉ်တိုက်တိမ်းမှောက်သဖြင့် (၂)ဦးသေ၊ (၁၁)ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 3/06/2014 12:32:00 PM



ရန်ကုန်၊ မတ် ၆

၅.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း
တောင်မှမြောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ၂က/---- ဟိုင်းလတ် တိုက်ကြီး-ရန်ကုန်(၂၂၀)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည်
မြန်မာစီပီလိုက်(ဖ်)စတော့ခ်ရှေ့တွင် အရှိန်လွန်ကာတစ်ဖက် ယာဉ်ကြော
သို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ယာဉ်မောင်းစုံစမ်းဆဲမောင်းနှင်လာ
သည့် S ---- ဟိုင်းလတ် လက်ပံတန်း-ရန်ကုန်-ကြို့ပင်ကောက်ယာဉ်လိုင်း ခရီးသည်တင်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးလုံး တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းများမှာအခင်းဖြစ်နေရာတွင် ယာဉ်များ
ကိုထားကာ ထွက်ပြေးသွားခဲ့ကြပါသည်။

ယာဉ်တိုက်မှုကြောင့် ၂က/---- ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက်များဖြစ်ကြ သည့် အောင်ကိုဦးနှင့် ကိုလေးတို့(၂)ဦးမှာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ကြပြီး ခရီးသည်(၁၁)ဦးတွင်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြ
သဖြင့် အင်းစိန်ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသ
ခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ၂က/---- ယာဉ်မောင်းအား
ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ) ၅/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၈/ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။