မိုင်းထောင်သူ မိုင်းကွဲသေဆုံး

ပို့စ်တင်ချိန် - 3/06/2014 07:52:00 PM


မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်းဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄)ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွားလမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ မိုင်းထောင်သူ KIA တပ်သား ဦးအင်ခွန်တန်သည် မိုင်းကွဲ၍ သေဆုံးသည်မှာ မှန်ကန်ပါကြောင်း ဟိုကပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က အတည်ပြု ပြောဆိုပါသည်။

ဧရာဝတီမြစ်ဖျားဆီက