ကာချုပ်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဘာတွေ ထူးလဲ

ပို့စ်တင်ချိန် - 3/06/2014 09:32:00 AM


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။


 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၁၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ် ဆွေးနွေးပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – မေခ / ဧရာဝတီ)

သတင်းစာရှင်းလင်းပွဲ မတိုင်မီကတည်းက သတင်းထောက်တွေအပေါ် စည်းကမ်းချက်တွေနဲ့ ကန့်သတ် မှုတွေ လုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။

မနေ့က ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ် တဲ့ မေခွန်းတွေကို သတင်းထောက်တွေကို မေးမြန်းခွင့် မပြုပဲ အထူးသဖြင့် စစ်တပ်ပိုင် မြ၀တီ ရုပ်မြင် သံကြား၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရွှေသံလွင်ကုမ္ပဏီပိုင် Sky Net ရုပ်သံလိုင်းတို့က မေးမြန်း တဲ့
မေးခွန်းတွေကိုပဲ ဖြေကြားသွားခဲ့ပါတယ်။

ကာချုပ်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဖြစ်တော့ ပြည်တွင်းပြည်ပက ပုဂ္ဂလိကသတင်းဌာနတွေ က မြန်မာ့နိုင်ငံရေး၊ စစ်လက်နက်တွေကိစ္စ အပါအ၀င် စစ်ရေးနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ
မေးမြန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် မေးခွန်း မေးခွင့် လုံးဝ မပေးခဲ့ပဲ အချိန်မရှိဘူးလို့ ပြောသွားပါတယ်။

“နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဖို့ ရှိသေးတယ်။ အချိန် မရှိတော့ဘူး” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

ဒါပေမယ့် မြဝတီ ရုပ်/သံ၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ စကိုင်းနက် ရုပ်/သံတွေက ကြိုတင်ပေးပို့ပြီးဖြစ် တဲ့ မေးခွန်းတွေ ကိုပဲ ကြိုတင်ဖြေ ကြားထားပြီးသား တွေကိုပဲ တနာရီလောက် ကြာအောင် ဖတ်ကြား သွားခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာ့ တပ်မတော် ပါဝင်နိုင်ရေး ကုလသမဂ္ဂ၊ အာဆီယံတပ်မတော်တွေနဲ့ ဆွေးနွေးနေတယ်လို့ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတာဝန်ထမ်းဆောင်ဖို့က ကျနော် တို့လုပ်ဆောင်နေတဲ့ မြန်မာ့ တပ်မတော် ရဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ အရင်တုန်းကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေမှာပါဝင်ပြီးတော့ လုပ်ဆောင်ခဲ့ တာရှိပါတယ်။ ဒါပေ မယ့်အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တာခုချိန်ထိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ကစပြီးတော့မြန်မာနိုင်ငံကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ ကမ်းလှမ်း ခဲ့တာ ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ခဲ့တာရှိပါတယ် အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရ တာရှိတဲ့ အတွက်နောက်ပိုင်းတော့ပါဝင်ဖို့မျှော်လင့်ထားပါတယ်”လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က ပြောပါတယ်။

The Irrawaddy