အီရန်ရော့စ်ကတ်များကို အစ္စရေးရေတပ်က ဖမ်းဆီး

ပို့စ်တင်ချိန် - 3/06/2014 07:13:00 PM


ဓာတ်ပုံ - Reuters

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း စစ်သွေးကြွတွေအတွက် သယ်ဆောင်လာတဲ့ ဆီးရီးယားနိုင်ငံလုပ် အီရန်ရော့စ်ကတ်တွေကို အစ္စရေးရေတပ်က ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က လမ်းက ဖြတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

ပနားမားနိုင်ငံအလံ လွှင့်ထားတဲ့ ကုန်တင်သဘောင်္ပေါ်မှာ အီရန်နိုင်ငံက ထောက်ပံ့တဲ့ အဆင့်မြင့်ရောစ့်ကတ်တွေကို တင်ဆောင်လာတာ ဖြစ်ပြီး သင်္ဘောသား ၁၇ ဦးကလည်း သိရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

လျှို့ဝှက် ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး အစ္စရေးရေတပ်က လက်ဦးမှုရှိရှိ စစ်ဆင်ရေးတခုကို နိုင်ငံတကာရေပိုင်နက်မှာ လုပ်ဆောင်ခဲ့တာလို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတာလာနာက ဆိုပါတယ်။
ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့်ရော့စ်ကတ်တွေ ဂါဇာကို ရောက်ရှိသွားရင် အစ္စရေးနိုင်ငံသားတွေ အတွက် အကြီးအကျယ် အန္တရာယ်ရှိစေမယ်လို့ ဆိုပါတယ်။

အစ္စရေးကာကွယ်ရေးဦးစီးချုပ် ဘမ်နီဂန်ဇ်က အီရန်ရော့စ်ကတ်တွေကို ဖမ်းဆီးမိအပြီး အီရန်နိုင်ငံကို အရေးယူစရာရှိရင် လက်ဦးမှုရှိရှိ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ကာကွယ်ဖို့ စစ်ဖြစ်တဲ့ အချိန်အထိကို စောင့်နေမှာမဟုတ်ဘဲ အချိန်မရွေး၊ နေရာမရွေး ခြိမ်းခြောက်မှုတွေကို အတတ်နိုင်ဆုံး ဝေးနိုင်သမျှဝေးအောင် တားဆီးထားရမယ်လို့ ပြောဆိုပါတယ်။

အခုလို အီရန်ရော့စ်ကတ်တွေကို ဖမ်းဆီးရမိတာဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူ အမေရိကန်နိုင်ငံကို သွားရောက်ပြီး အီရန်နဲ့ မွတ်စလင်အကြမ်းဖက်တွေကို ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ နိုင်ငံတကာကို တောင်းဆိုချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

DVB Burmese