ယနေ့ နံနက် ရန်ကုန် - မန္တလေး အမြန်လမ်း တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား၊ယာဉ်နောက်လိုက်သေဆုံး

ပို့စ်တင်ချိန် - 3/06/2014 03:48:00 PM




မန္တလေး -မတ်၆
ယနေ့ နံနက်(၀၁း၃၀)နာရီ အချိန်ခန့်တွင်ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၇၈/၃ နှင့် ၁၇၈/၄ ကြား
(အသွားလမ်း)၌ ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယာဉ်မောင်း ဦး---မောင်းနှင်ပြီး ခရီးသည် (၄၄)ဦးနှင့် ယာဉ်နောက်လိုက်(၂)ဦး လိုက်ပါလာသော
ရန်ကုန် - မုံရွာ ယာဉ်လိုင်း ယာဉ်အမှတ် (1G/××××)သည် ညာဘက်ရှေ့ဘီးပေါက်ပြီး
အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းမှ အပြန်လမ်းဘက်သို့ ရောက်ရှိသွားကာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယာဉ်မောင်းနှင်သူမှာ အရက်သေစာ သောက်စားထားခြင်း မရှိ ၊ အိပ်ငိုက်ခြင်း မရှိသော်လည်း ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးချိန်တွင်
ယာဉ်မောင်းထွက်ပြေးတိမ်းရှောင် သွားပြီး ယာဉ်နောက်လိုက် ဦး--- (၃၂)နှစ်မှာ သေဆုံးသွားကြောင်းသိရသည် ။
အဆိုပါ ယာဉ်မတော်တဆမှု ကြောင့် ယာဉ်၏ ညာဘက်ရှေ့ဘီး ပြုတ်ထွက် ၊ တံခါးပြုတ်ထွက် ၊
ဝဲဘက်ရှေ့ဘီးနှင့် နောက်ဘီးများ ပေါက်ကာ ယာဉ်၏ ရှေ့ အောက်ပိုင်းတို့ ပျက်စီးသွားပြီး
Concrete Barrier အသွားလမ်းတွင် ၁၀ တုံး ၊ အပြန်လမ်းတွင် (၃)တုံး ၊ Road Curb (၈၀)ပေတို့လည်း ပျက်စီးသွားကြောင်းသိရသည် ။
ယာဉ်မတော်တဆမှုကို သာဂရ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။051
photo -MinistryofConstructio
Popular Myanmar News Journal